Tella - ကိုယ်ရေးလုံခြုံမှု မူဝါဒ
:::မှတ်ချက် နောက်ဆုံးပြင်ဆင်ထားသည့်ရက်စွဲ - ၂၃ ဇူလိုင် ၂၀၂၄။ :::
:::အချက်အလက် ကျွန်ုပ်တို့၏ လုံခြုံရေးနှင့် ကိုယ်ရေးလုံခြုံမှု စာမျက်နှာ တွင် Tella ၏ နည်းပညာဆိုင်ရာ အသေးစိတ် အချက်အလက်များနှင့် လုံခြုံရေးစစ်ဆေးမှုများအကြောင်း အသေးစိတ်ကို သင်ဖတ်ရှုနိုင်ပါသည်။ :::
အတိုချုံး ဗားရှင်း
Tella ၏ ရည်ရွယ်ချက်ကို ဖြည့်ဆည ်းရန်အတွက် လိုအပ်သော အနည်းဆုံး ဒေတာပမာဏကိုသာ ကျွန်ုပ်တို့စုဆောင်းပါသည်။
ကျွန်ုပ်တို့သည် မည်သူဖြစ်ကြောင်း သိရှိနိုင်သော အချက်အလက်များကို မည်သည့်အခါမျှ မစုဆောင်းပါ။ သင့်ဒေတာများကို ပြင်ပအဖွဲ့အစည်းများထံ ထုတ်ဖော်၊ မျှဝေခြင်း သို့မဟုတ် ရောင်းချခြင်းမျိုး မည်သည့်အခါမျှ ကျွန်ုပ်တို့ မပြုလုပ်ပါ။
ကျွန်ုပ်တို့၏ အက်ပ်ကို အသုံးပြုခြင်းဖြင့် အသုံးပြုသူများသည် ၎င်းတို့နှင့် လက်တွဲလုပ်ကိုင်နေသော လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများမှ စီမံခန့်ခွဲသည့် ဆာဗာများသို့ ဒေတာပေးပို့နိုင်သည်။ ကျွန်ုပ်တို့၏ ဒေတာလုံခြုံရေး မူဝါဒများနှင့် ကွဲပြားနိုင်သောကြောင့် အဆိုပါ လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများအား ၎င်းတို့၏ဒေတာလုံခြုံရေး မူဝါဒများအကြောင်း မေးမြန်းရန် သုံးစွဲသူများအား ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ ကျွန်ုပ်တို့သည် အသုံးပြုသူများ ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရှိနေပါစေ ၎င်းတို့ကို ကိုယ်ရေးလုံခြုံမှု ကာကွယ်မှုစံနှုန်း အတူတူပေးပါသည်။
အသေးစိတ်အချက်အလက်များအတွက် အောက်ပါ ကိုယ်ရေးလုံခြုံမှု မူဝါဒ အပြည့်အစုံကို ဖတ်ရှုပါ
၁။ မိတ်ဆက်
Horizontal (“ကုမ္ပဏီ” သို့မဟုတ် “ကျွန်ုပ်တို့”) သည် သင့်ကိုယ်ရေးလုံခြုံမှုကို လေးစားပြီး ဤမူဝါဒကို လိုက်နာခြင်းဖြင့် ၎င်းကိုကာကွယ်ရန် သန္နိဋ္ဌာန် ချထားပါသည်။ ယင်းမူဝါဒတွင် ဖော်ပြထားသည်မှာ-
- Tella (“အက်ပ်”) ကို အသုံးပြုခြင်း သို့မဟုတ် ဝင်ရောက်ခြင်း၊ မှတ်ပုံတင်ခြင်း၊ ဒေါင်းလုဒ်လုပ်ခြင်းများ ပြုလုပ်ချိန်တွင် သင်ပေးရနိုင်သော သို့မဟုတ် ကျွန်ုပ်တို့ စုဆောင်းနိုင်သော သတင်းအချက်အလက်အမျိုးအစား။
- ထိုအချက်အလက်များက ို စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့အတွက် ကျွန်ုပ်တို့၏ အလေ့အကျင့်များ။
ဤမူဝါဒသည် ဤအက်ပ်တွင် ကျွန်ုပ်တို့စုဆောင်းထားသော အချက်အလက်များနှင့်သာ သက်ဆိုင်ပါသည်။ ဤမှုဝါဒနှင့် မသက်ဆိုင်သော သတင်းအချက်အလက်များမှာ -
- ကျွန်ုပ်တို့သည် အော့ဖ်လိုင်းမှဖြစ်စေ၊ Horizontal မှ ပိုင်ဆိုင်သော သို့မဟုတ် လည်ပတ်ဆောင်ရွက်သော အခြားအက်ပ် သို့မဟုတ် ဝဘ်ဆိုက်များမှဖြစ်စေ စုဆောင်းပါသည်။
- သင်ပေးအပ်သော သို့မဟုတ် အက်ပ်အား ဖြန့်ကျက်အသုံးပြုသည့် အဖွဲ့အစည်း သို့မဟုတ် ပြင်ပအဖွဲ့အစည်းတစ်ခုမှ စုဆောင်းသော သတင်းအချက်အလက်များ (ပြင်ပအဖွဲ့အစည်း အချက်အလက်စုဆောင်းမှုကို ကြည့်ပါ)။
ကျွန်ုပ်တို့၏ အခြားဝဘ်ဆိုက်များနှင့် အက်ပ်များ၊ အခြားပြင်ပပါတီများ သို့မဟုတ် အက်ပ်ကို အသုံးပြုသည့် အဖွဲ့အစည်းများတွင် ကိ ုယ်ပိုင် ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒများ ရှိနိုင်ခြင်းကြောင့် ၎င်းတို့အား သို့မဟုတ် ၎င်းတို့မှတစ်ဆင့် သတင်းအချက်အလက်များ မပေးအပ်မီ ဖတ်ရှုရန် သို့မဟုတ် စုံစမ်းမေးမြန်းရန် သင့်အား ကျွန်ုပ်တို့ တိုက်တွန်းပါသည်။
သင့်အချက်အလက်နှင့် ပတ်သက်သည့် ကျွန်ုပ်တို့၏မူဝါဒများနှင့် အလေ့အကျင့်များ၊ ယင်းအချက်အလက်များကို မည်သို့ကိုင်တွယ်ကြောင်း နားလည်ရန် ဤမူဝါဒကို ဂရုတစိုက်ဖတ်ရှုပါ။ ကျွန်ုပ်တို့၏ မူဝါဒများနှင့် အလေ့အကျင့်များကို သဘောမတူပါက ဤအက်ပ်ကို ဒေါင်းလုဒ်လုပ်ခြင်း၊ မှတ်ပုံတင်ခြင်း သို့မဟုတ် အသုံးပြုခြင်းတို့ မပြုပါနှင့်။ ဤအက်ပ်ကို ဒေါင်းလုဒ်လုပ်ခြင်း၊ မှတ်ပုံတင်ခြင်း သို့မဟုတ် အသုံးပြုခြင်းဖြင့် သင်သည် ဤကိုယ်ရေးလုံခြုံမှု မူဝါဒကို သဘောတူရာရောက်ပါသည်။ ဤမူဝါဒသည် အခါအားလျော်စွာ ပြောင်းလဲနိုင်သည် (ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒအပြောင်းအလဲများကို ကြည့်ပါ)။ ဤမူဝါဒကို ကျွန်ုပ်တို့ပြန်လည်ပြင်ဆင်ပြီးနောက် ဤအက်ပ်ကို ဆက်လက်အသုံးပြုခြင်းဖြင့် အဆိုပါအပြောင်းအလဲများကို သင်လက်ခံသည်ဟု အဓိပ္ပာယ်ရောက်ပါသည်၊ ထို့ကြောင့် မူဝါဒ အပ်ဒိတ်လုပ်ခြင်း ရှိ၊မရှိ အခါအားလျော်စွာ စစ်ဆေးပါ။
၂။ အသက် ၁၆ နှစ် အောက်ကလေးများ
ဤအက်ပ်သည် အသက် ၁၆ နှစ်အောက် ကလေးများအတွက် ရည်ရွယ်ခြင်း မဟုတ်ပါ၊ ကျွန်ုပ်တို့သည် အသက် ၁၆ နှစ်အောက် ကလေးများထံမှ ကိုယ်ရေးအချက်အလက်များကို ရည်ရွယ်ချက်ရှိရှိ မစုဆောင်းပါ။ မိဘ၏ ခွင့်ပြုချက်မပါဘဲ ၁၆ နှစ်အောက်ကလေးထံမှ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့စုဆောင်းရရှိထားသည်ကို သိရှိပါက ထိုအချက်အလက်များကို ကျွန်ုပ်တို့ ဖျက်ပစ်မည် ဖြစ်သည်။ ၁၆ နှစ်အောက် ကလေးတစ်ဦးထံမှ သို့မဟုတ် ထိုကလေးအကြောင်း အချက်အလက်တစ်စုံတစ်ရာ ကျွန်ုပ်တို့တွင် ရှိနိုင်သည်ဟု သင်ယုံကြည်ပါက ကျေးဇူးပြု၍ contact@tella-app.org တွင် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
၃။ Tella မှ စုဆောင်းသော သတင်းအချက်အလက်နှင့် စုဆောင်းနည်း
အက်ပ်ကို ဒေါင်းလုဒ်လုပ်ပြီး အသုံးပြုခြင်းဖြင့် သင်သည် ဒေတာစုဆောင်းခြင်းနှင့် သိမ်းဆည်းခြင်းကို သဘောတူပါသည်။ Tella သည် အက်ပ် အသုံးပြုသူများထံမှ အချက်အလက်များ စုဆောင်းသည် -
- သင် အချက်အလက်ပေးသည့်အခါ သင့်ထံမှ တိုက်ရိုက် ရယူပါသည် (အောက်တွင် “သင်ပေးသော အချက်အလက်နှင့် ဒေတာ” ကို ကြည့်ပါ)။
- အက်ပ်ကို သင်အသုံးပြုသည့်အခါ အလိုအလျောက် စုဆောင်းပါသည် (အောက်ပါ “အလိုအလျောက် အချက်အလက်စုဆောင်းခြင်း” ကို ကြည့်ပါ)။