လုံခြုံရေးနှင့် ကိုယ်ရေးလုံခြုံမှု
Tella ကို ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများ ရင်ဆိုင်နေရသူများအား ကာကွယ်ပေးရန် တည်ဆောက်ထားသောကြောင့် Tella ၏ အင်္ဂါရပ်များနှင့် ထုတ်ကုန်ဆိုင်ရာ ဆုံးဖြတ်ချက်အားလုံးကို ကိုယ်ရေးလုံခြုံမှုနှင့် လုံခြုံရေးတို့အတွက် အဓိက ရည်ရွယ်တည်ဆောက်ထားသည်။ Tella ကို အမှီအခိုကင်းသော လုံခြုံရေးအတိုင်ပင်ခံလုပ်ငန်းများမှ ပုံမှန်စစ်ဆေးနေပြီး အင်္ဂါရပ်များနှင့် စာရွက်စာတမ်းများကို လုံခြုံရေးကျွမ်းကျ င်သူများ၏ ပံ့ပိုးမှုနှင့် လမ်းညွှန်မှုတို့ဖြင့် ဒီဇိုင်းထုတ်ထားသည်။
ကိုယ်ရေးလုံခြုံမှု
Tella ၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းရန် လိုအပ်သော အနည်းဆုံးဒေတာပမာဏကိုသာ ကျွန်ုပ်တို့ စုဆောင်းပါသည်။ ကျွန်ုပ်တို့သည် မည်သူဖြစ်ကြောင်း သိရှိနိုင်သော အချက်အလက်များကို မည်သည့်အခါမျှ မစုဆောင်းပါ။ ကျွန်ုပ်တို့သည် သင့်ဒေတာများကို ပြင်ပအဖွဲ့အစည်းများထံ ထုတ်ဖော်ခြင်း၊ မျှဝေခြင်း သို့မဟုတ် ရောင်းချခြင်းမျိုး လုံးဝ မပြုလုပ်ပါ။
ကျွန်ုပ်တို့၏ အက်ပ်ကို အသုံးပြုခြင်းဖြင့် အသုံးပြုသူများသည် ၎င်းတို့နှင့် လက်တွဲလုပ်ကိုင်နေသော လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများမှ စီမံခန့်ခွဲသည့် ဆာဗာများသို့ ဒေတာပေးပို့နိုင်သည်။ ကျွန်ုပ် တို့၏ ဒေတာလုံခြုံရေး မူဝါဒများနှင့် ကွဲပြားနိုင်သောကြောင့် အဆိုပါ လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများအား ၎င်းတို့၏ဒေတာလုံခြုံရေး မူဝါဒများအကြောင်း မေးမြန်းရန် သုံးစွဲသူများအား ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရှိနေပါစေ အသုံးပြုသူအားလုံးကို ကိုယ်ရေးလုံခြုံမှု ကာကွယ်မှုစံနှုန်း အတူတူပေးပါသည်။
Tella ၏ ကိုယ်ရေးလုံခြုံမှု မူဝါဒ အပြည့်အစုံကို ဖတ်ရှုနိုင်ပါသည်။
Tella Android
Google Play Store ၌ ရရှိနိုင်သည့် Tella Android တွင် ချွတ်ယွင်းချက်များနှင့် ပျက်စီးမှုများကို သိရှိနိုင်ရန် ကူညီပေးသော ခြေရာခံ ကိရိယာနှစ်ခု ဖြစ်သည့် Google CrashLytics နှင့် Google Firebase Analytics တို့ ပါဝင်ပါသည်။ အန္တရာယ်ရှိသော သုံးစွဲသူများအတွက် အက်ပ်ကို လုံခြုံပြီး စွမ်းဆောင်ရည်ရှိစေရန် ဤလုပ်ဆောင်ချက်မှာ အရေးကြီးပါသည်။
Tella-FOSS
Tella-FOSS ကို F-droid စတိုး တွင် ထုတ်ဝေပြီး မည်သည့်ခြေရာခံကိရိယာမျှ မပါဝင်ပါ။
Tella iOS
iOS အတွက် Tella တွင် ခြေရာခံမှုများ မပါဝင်ပါ။
Apple ၏ တင်းကျပ်သော iOS မူဝါဒများကြောင့် iOS အတွက် Tella ကို လက်ရှိတွင် အခြားအက်ပ်စတိုးများတွင် သို့မဟုတ် ကိုယ်တိုင်တပ်ဆင်ရန် မရရှိနိုင်ပါ။
ခွဲခြမ်းစိတ်ဖြာချက်များ
Tella Android, Tella FOSS နှင့် Tella ဝဘ် တွင် အသုံးပြုသူများသည် Tella တိုးတက်စေရန် ခွဲခြမ်းစိိတ်ဖြာချက်များကို မျှဝေဖို့ ရွေးချယ်နိုင်ပါသည်။ ဤဒေတာသည် ကျွနု်ပ်တို့အား လူအများက Tella ကို မည်သို့ အသုံးပြုကြောင်းနှင့် မည်သည့် အင်္ဂါရပ်များက ၎င်းတို့အတွက် အရေးကြီးကြောင်း နားလည်ရန် အထောက်အကူပြုပါသည်။ ခွဲခြမ်းစိတ်ဖြာချက် ဒေတာကို အသုံးပြုသူမားက အက်ပ်၏ ဆက်တင်များတွင် ရွေးချယ်ထားမှသာ စုစည်းရယူပါသည်
ကျွနု်ပ်တို့သည် Divvi Up ကိုယ်ရေးလုံခြုံမှုကို အလေးထားသော တယ်လီမက်ထရီ ဝန်ဆောင်မှုကို အသုံးပြုသည်။ Divvi Up ကို အင်တာနက် လုံခြုံရေး သုတေသန အဖွဲ့အစည်း (ISRG) က အကောင်အထည်ဖော်ဆောင်ရွက်ပြီး ၎င်းသည် အ ကျိုးအမြတ်အတွက် မရည်ရွယ်သော အဖွဲ့အစည်းတစ်ခု ဖြစ်ကာ Let’s Encrypt ပရောဂျက်ကိုလည်း ထိန်းသိမ်းပါသည်။
ကျွနု်ပ်တို့၏ ကိုယ်ရေးလုံခြုံမှု ထိန်းသိမ်းသော ခွဲခြားစိတ်ဖြာချက် ချဉ်းကပ်မှုအကြောင်း အချက်အလက်အချို့ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်-
-
ဒေတာအားလုံးကို အမည်မဖော်ပြဘဲ စုစည်းထားပါသည်- Divvi Up စာကြည့်တိုက်သည် ဒေတာကို အမည်မဖော်ပြဘဲ ကုဒ်ဝှက်ထားသော ဝေစုနှစ်ခုအဖြစ် ခွဲခြမ်းလိုက်ပြီး ဝေစုတစ်ခုစီကို မတူညီသော ဒေတာမျှဝေမှုပရိုဆက်ဆာများထံ အပ်လုဒ်တင်ပြီး (ပရိုဆက်ဆာတစ်ခုကို ISRG က ဟို့စ်လုပ်ပြီး အခြားတစ်ခုကို ကျွနု်ပ်တို့က ဟို့စ်လုပ်ပါသည်) ၎င်းတို့သည် တစ်ခုနှင့်တစ်ခုကြား ဒေတာ မမျှဝေကြပါ။ ဤနည်းအားဖြင့် ပရိုဆက်ဆာတစ်ခုစီထံသို့ မူလဒေတာ၏ အချက်အလက်တစ်စိတ်တစ်ပိုင်းကိုသာ ထုတ်ဖော်ပြသပါသည်။
-
ကျွနု်ပ်တို့ လိုချင်သည့်တိုင်အောင် ကျွနု်ပ်တို့သည် ဒေတာအကုန်လုံးကို မရရှိနိုင်ပါ- ဒေတာဝေစုတစ်ခုတည်းနှင့် ဒေတာတစ်ခုလုံးကို တည်ဆောက်ရန် မဖြစ်နိုင်ပါ။ ပရိုဆက်ဆာတစ်ခုစီသည် ၎င်း၏ ဒေတာဝေစုများကို တစ်စိတ်တစ်ပိုင်းပေါင်းလဒ်အဖြစ် စုစည်းပါသည်။ ထို့နောက် တစ်စိတ်တစ်ပိုင်း ပေါင်းလဒ်များကို နောက်ဆုံးစုစည်းမှုအဖြစ် ပေါင်းစပ်နိုင်ပြီး တစ်ဦးချင်း ပါဝင်သူများအကြောင်း အချက်အလက်အနည်းဆုံးကိုသာ ဖော်ပြလျက် ဒေတာတစ်ခုလုံးအတွက် အသုံးဝင်သော စာရင်းအင်းများကို ခွင့်ပြုပါသည်။ Divvi Up အလုပ်လုပ်ပုံအကြောင်း ကျယ်ပြန့်သော နည်းပညာဆိုင်ရာ စာရွက်စာတမ်းများကို ဤနေရာ တွင် တွေ့ရှိနိုင်ပါသည်။
-
ကျွနု်ပ်တို့သည် ဒေတာ နည်းနိုင်သမျှနည်းအောင် စုစည်းရယူပါသည်- ဒေတာအားလုံးကို အမည်မဖော်ပြသော်လည်း ကျွနု်ပ်တို့ စုစည ်းရယူသည့် ဒေတာပမာဏကို အမြဲတမ်း အနည်းဆုံးဖြစ်စေပါသည်။ Tella ၏ နောက်ဆုံးပေါ် ဗားရှင်းများတွင် ကျွနု်ပ်တို့သည် အောက်ပါဖြစ်စဉ်များအကြောင်း ဒေတာ (အပြင် နောက်ထပ်ဘာမျှ မရှိပါ) ကိုသာ စုစည်းရယူပါသည်-
Tella Android and Tella FOSS
- Number of times Tella is successfully unlocked.
- Number of media files recorded (videos/photos taken and audio recordings captured).
- Number of files imported from the device's gallery or file system into Tella.
- Number of security features activated (number of times that camouflage is enabled, number of times that the quick delete action is triggered).
- Number of new installations.
- Number of reports uploaded to any connection (Tella Web, Uwazi, ODK, Nexcloud, Google Drive, Dropbox)
- Time spend in Tella.
Tella ဝဘ် The data below is only collected from Tella Web instances that have opted-in to share privacy-preserving analytics with the Tella team.
- ဝင်ရောက်ကြည့်ရှုမှု အကြိမ်ရေ (တစ်စုံတစ်ဦးက Tella ဝဘ် ဖြစ်ရပ်တစ်ခုခုမှ ဝင်ရောက်တိုင်း လှုံ့ဆော်သည်)။
- ဖိုင် အပ်လုဒ်တင်သည့် အကြိမ်ရေ (တစ်စုံတစ်ဦးက Tella ဝဘ် ဖြစ်ရပ်တစ်ခုခုသို့ ဖိုင် အပ်လုဒ်တင်တိုင်း လှုံ့ဆော်သည်)။
- အစီရင် ခံစာ အရေအတွက် (တစ်စုံတစ်ဦးက Tella ဝဘ် ဖြစ်ရပ်တစ်ခုခုသို့ အစီရင်ခံစာ အပ်လုဒ်တင်တိုင်း လှုံ့ဆော်သည်)။
ကျွနု်ပ်တို့၏ အပ်များတွင် ထည့်သော မက်ထရစ်များအကြောင်း နောက်ထပ်အချက်အလက်များ သိလိုပါက ကျွနု်ပ်တို့၏ ထုတ်ဝေမှု မှတ်စုများ ကို ဝင်ကြည့်ပါ။
လုံခြုံရေးအင်္ဂါရပ်များ
လက်ခံနိုင်သော လုံခြုံရေးအဆင့် ရရှိရန် Tella သည် လုံခြုံရေးအစီအမံအမျိုးမျိုးကို ပေါင်းစပ်ထားသည်။
- အသုံးမပြုချိန်တွင် ကုဒ်ဝှက်ခြင်း - ဒေတာအားလုံးကို အသုံးပြုသူ၏ စက်ပစ္စည်းပေါ်တွင် အသုံးမပြုချိန်၌ ကုဒ်ဝှက်ထားသည်။ ဆိုလိုသည်မှာ (အသုံးပြုသူ၏ သော့ကို ထည့်သွင်းခြင်းဖြင့်) အက်ပ်ကို သော့မဖွင့်ထားပါက ၎င်းတွင်ပါရှိသ ော ဒေတာကို လုံးဝမဝင်ရောက်နိုင်ပါ။ တစ်စုံတစ်ယောက်က ဖုန်းကို သိမ်းဆည်းပြီး ကွန်ပြူတာအသုံးပြု၍ ဒေတာအားလုံးကို ဖြည်လျှင်ပင် ၎င်းတို့ကို ဝင်ရောက်ဖတ်ရှု၍ မရနိုင်ပါ။
- ဒေတာလွှဲပြောင်းချိန်တွင် ကုဒ်ဝှက်ခြင်း - Tella နှင့် ဆာဗာများအကြား လွှဲပြောင်းပေးနေသည့် ဒေတာအားလုံးကို Transport Layer Security (TLS) မှတစ်ဆင့် (ချိတ်ဆက်မှု အပိုင်း တွင် ကြည့်ပါ)။ Tella သည် TLS ကုဒ်ဝှက်ခြင်းမရှိဘဲ ဆာဗာသို့ ဒေတာပေးပို့၍မရအောင် ပြုလုပ်ထားသည်။
- သော့- Tella အသုံးပြုသူများ အက်ပ်ကို ထည့်သွင်းပြီးသည်နှင့် အက်ပ်အတွက် သော့ခလောက်ကို ရွေးချယ်ပါ။ စကားဝှက်၊ ပုံစံနှင့် ပင်နံပါတ်သုံး သော့များရရှိနိုင်ပြီး လုံခြုံရေးအဆင့်တစ်ခုစီကို အသုံးပြုသူများထံ အကြောင်းကြားထားသည်။
- လော့ခ်ကျရန် ကြာချိန်- အသုံးပြုသူများသည် Tella ကို အသုံးမပြုသည့်အခါ မည်မျှမြန်မြန်သော့ခတ်မည်ကို ရွေးချယ်ရန် လော့ခ်ကျရန် ကြာချိန် ကို သတ်မှတ်နိုင်သည်။ လော့ခ်ကျရန် ကြာချိန်ကို 'ချက်ချင်း' ဟု ပုံသေ သတ်မှတ်ထားသောကြောင့် သုံးစွဲသူသည် Tella မှ ထွက်သွားသည်နှင့် အက်ပ်လော့ခ်ချပြီး ဒေတာအားလုံးကို ကုဒ်ဝှက်ပါသည်။
- အသွင်ပြောင်းခြင်း- Tella Android တွင် Tella အတွက် လက်ရှိတွင် အသွင်ပြောင်းခြင်း နှစ်ခု မုဒ်များ ရှိသည် - အပြည့်အဝ လုပ်ဆောင်နိုင်သော ဂဏန်းတွက်စက်နှင့် ဖုန်းတွင်ရှာဖွေရခက်စေရန် အက်ပ်အမည်နှင့် အိုင်ကွန်ကို ပြောင်း၍ရခြင်းတို့ဖြစ်သည်။ iOS ကန့်သတ်ချက်များကြောင့် iOS အတွက် Tella ကို အသွင်ပြောင်းရန် မဖြစ်နိုင်ပါ။
- အမြန်ဖျက်ရန် ခလုတ်- အရေးပေါ်အခြေအနေတွင် Tella မှ ဒေတာများကို အလျင်အမြန်ရှင်းလင်းရန် လျှောခလ ုတ်တစ်ခု အမြန်ဖျက်ရန် ကို အသုံးပြုသူများ ဖွင့်နိုင်သည်။ အဆိုပါခလုတ်ကို နှိပ်လိုက်ချိန်၌ Tella တွင် သိမ်းဆည်းထားသည့် ဖိုင်များအားလုံး၊ အကြမ်းနှင့် ပေးပို့ထားသော ဖောင်များ၊ ဆာဗာဆက်တင်များနှင့် အက်ပ်ကိုယ်တိုင်ကို ဖျက်ရန် Tella ဆက်တင်များ၌ အသုံးပြုသူများက ရွေးချယ်နိုင်သည်။ အမြန်ဖျက်ရန် ခလုတ်ကို နှိပ်လိုက်သောအခါ အသုံးပြုသူအား ၅ စက္ကန့်ကြာ နောက်ပြန်ရေတွက်ခြင်းကို ပြသပါမည်။ ၎င်းရေတွက်မှုအတွင်း စခရင်ပေါ်ရှိ မည်သည့်နေရာတွင်မဆို နှိပ်ခြင်းဖြင့် အမြန်ဖျက်ခြင်းလုပ်ဆောင်ချက်ကို အသုံးပြုသူက ပယ်ဖျက်နိုင်သည်။ ရေတွက်မှု သုညသို့ ရောက်ရှိသောအခါ အသုံးပြုသူသတ်မှတ်ထားသော ဖျက်ပစ်သည့်လုပ်ဆောင်ချက် အသက်ဝင် လုပ်ဆောင်ပါမည်။ အသုံးပြုသူသည် 'Tella ဖျက်ရန်' ရွေးချယ်မှုကို ရွေးခဲ့ပါက Android သည် အက်ပ် ဖျက်ပစ်ခြင်း အတည်ပြုရန် အသုံးပြုသူများကို တောင်းဆိုမည်ဖြစ်သည်။
- ကင်မရာ အသံတိတ်မုဒ်- ဓာတ်ပုံရိုက်နေစဉ် သူတစ်ပါး သတိမထားမိစေရန် အသုံးပြုသူများက ကင်မရာရှပ်တာအသံ ပိတ်ထားရန် ကို ရွေးချယ်နိုင်ပါသည်။
- စခရင်လုံခြုံရေး - ပုံမှန်အားဖြင့် Tella သည် Tella အတွင်း စခရင်ပုံရိုက်ယူခြင်းနှင့် စခရင်မှတ်တမ်းတင်ခြင်းများကို ပိတ်ဆို့ထားပြီး လက်တလော အသုံးပြုအက်ပ်စာရင်းတွင် စခရင် အကြိုကြည့်ရှုမှုကို ဝှက်ထားသည်။ ဥပမာအားဖြင့် Tella အတွင်းရှိ သင်ခန်းစာများကို မှတ်တမ်းတင်ရန် သို့မဟုတ် ကွန်ပျူတာဖန်သားပြင်ရှိ အက်ပ်တွင် ဖြစ်ပျက်နေသည့်အရာများကို ပြသရန်လိုအပ်ပါက ဤဆက်တင် ကို ပိတ်ထားနိုင်သည်။
- သော့ဖွင့်ရန် ကြိုးပမ်းမှုအကြိမ်ရေ ကန့်သတ်ခြင်း - Tella အတွင်းရှိ အရာအားလုံးကို မဖျက်မီ မအောင်မြင်သော သော့ဖွင့်ရန် ကြိုးပမ်းမှုအကြိမ်ရေ မည ်မျှ ခွင့်ပြုမည်နှင့် သော့ဖွင့်သည့် မျက်နှာပြင်၌ ရုပ်ပုံအညွှန်းဖြင့် နောက်ထပ်အကြိမ်မည်မျှ သော့ဖွင့်ရန် ကြိုးပမ်းနိုင်ကြောင်း ဖော်ပြ၊ မဖော်ပြကို အသုံးပြုသူများက ဆုံးဖြတ်နိုင်သည်။
- Offline file sharing: Tella allows establishing a secure connection with devices that are in the same physical location and transferring files encrypted, from one Tella vault to another. Nearby Sharing works fully offline, even on insecure networks or networks being surveilled, using mutual TLS to verify both devices before any file is exchanged. Nearby Sharing is available cross-platform (between Android, iOS and Desktop). Read more about the technical security measures in Nearby Sharing.