iOS တွင် Tella စတင်နည်း
Tella ကို ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းပါ
Tella ကို App Store တွင် ရှာရန် ဤလင့်ခ် ကို ဖွင့်ပါ သို့မဟုတ် App Store ကို ဖွင့်ပြီး “Tella document and protect” ကို ရှာပါ။

သင့်သော့ခလောက်ကို ဖန်တီးပါ
Tella ကို ပထမဆုံးအကြိမ် ဖွင့်သောအခါ Tella ကို သော့ခတ်မည့်နည်းလမ်းကို ရွေးချယ်ခိုင်းပါမည်။ ဤသော့ခလောက်မရ ှိဘဲ Tella ကို ဖွင့်ပြီး Tella တွင် သိမ်းဆည်းထားသည့် ဖိုင်များကို ဝင်ရောက်ကြည့်ရှုရန် မဖြစ်နိုင်ပါ။
- စကားဝှက်- အက္ခရာနှင့်နံပါတ်ပါသော စကားဝှက်တစ်ခုသည် သင့်အက်ပ်ကို သော့ခတ်ရန် အလုံခြုံဆုံးနည်းလမ်း ဖြစ်သည်။
- ပင်နံပါတ်- ဂဏန်း (၆) လုံးထက်ပိုသော ကိန်းဂဏန်းတစ်ခုဖြစ်သည်။
သင့်အမည်၊ မွေးသက္ကရာဇ် သို့မဟုတ် (“Password”၊ “123456” သို့မဟုတ် “000000” ကဲ့သို့) ခန့်မှန်းရလွယ်ကူသောအရာကို အသုံးမပြုဘဲ ရှောင်ကြဉ်ပါ။
အကယ်၍ ဤသော့ခလောက်ကို မေ့သွားခဲ့လျှင် အက်ပ် သို့မဟုတ် ၎င်း၏အကြောင်းအရာကို ဝင်ရောက်ကြည့်ရှုရန် နည်းလမ်းမရှိတော့ကြောင်း မှတ်သားထားပါ။
Tella အား ခွင့်ပြုချက်ပေးပါ
လုပ်ဆောင်ချက် တစ်ခုစီကို သင်ပထမဆုံး အသုံးပြုသည့်အခါ Tella ကို ခွင့်ပြုချက်အချို့ ပေးရန် သင့်အား တောင်းဆိုပါမည်-
- ဓာတ်ပုံရိုက်ရန်၊ ဗီဒီယိုရိုက်ရန် သို့မဟုတ် အသံဖမ်းရန်အတွက် သင့်ဖုန်း၏ ကင်မရာနှင့် မိုက်ခရိုဖုန်းကို ဝင်ရောက်အသုံးပြုခွင့်ပေးရန် လိုအပ်ပါမည်။

ဤခွင့်ပြုချက်များကို Tella အား မပေးပါက နောက်မှ သင်၏ iPhone ဆက်တင်များသို့သွားပြီး ဆက်တင်များ > Tella > Tella အား ကင်မရာ၊ မိုက်ခရိုဖုန်းနှင့် ဖိုင်များကို ဝင်ရောက်ကြည့်ရှုခွင့်ပေးပါ သို့သွား၍ ခွင့်ပြုချက်များ ပေးနိုင်ပါသည်။
