iOS တွင် Tella စတင်နည်း
Tella ကို ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းပါ
Tella ကို App Store တွင် ရှာရန် ဤလင့်ခ် ကို ဖွင့်ပါ သို့မဟုတ် App Store ကို ဖွင့်ပြီး “Tella document and protect” ကို ရှာပါ။

သင့်သော့ခလောက်ကို ဖန်တီးပါ
Tella ကို သင်ပထမဆုံးဖွင့်လိုက်သောအခါ အက်ပ်လုပ်ဆောင်ချက်များဖြစ်သည့် ကင်မရာ၊ အသံဖမ်းစက်နှင့် ကုဒ်ဝှက်ထားသော ဖိုင်များနှင့် ဖိုင်တွဲများအသုံးပြုပုံကို ပြသပေးသည့် လမ်းညွှန်ချက်များ တွေ့ရပါမည်။ Tella အား မည်သို့ သော့ခတ်မည်ကို သင့်အား ရွေးချယ်ခိုင်းပါမည်။ ဤသို့သော့ခတ်ခြင်းမရှိပါက Tella ကိုဖွင့်နိုင်မည်မဟုတ်သည့်အပြင် ၎င်းတွင် သိမ်းဆည်းထားသည့် ဖိုင်များကို ဝင်ရောက်ကြည့်ရှုနိုင်မည် မဟုတ်ပါ။
- စကားဝှက်- အက္ခရာနှင့်နံပါတ်ပါသော စကားဝှက်တစ်ခုသည် သင့်အက်ပ်ကို သော့ခတ်ရန် အလုံခြုံဆုံးနည်းလမ်း ဖြစ်သည်။
- ပင်နံပါတ်- ဂဏန်း (၆) လုံးထက်ပိုသော ကိန်းဂဏန်းတစ်ခုဖြစ်သည်။
သင့်အမည်၊ မွေးသက္ကရာဇ် သို့မဟုတ် (“Password”၊ “123456” သို့မဟုတ် “000000” ကဲ့သို့) ခန့်မှန်းရလွယ်ကူသောအရာကို အသုံးမပြုဘဲ ရှောင်ကြဉ်ပါ။
အကယ်၍ ဤသော့ခလောက်ကို မေ့သွားခဲ့လျှင် အက်ပ် သို့မဟုတ် ၎င်း၏အကြောင်းအရာကို ဝင်ရောက်ကြည့်ရှုရန် နည်းလမ်းမရှိတော့ကြောင်း မ ှတ်သားထားပါ။
Tella အား ခွင့်ပြုချက်ပေးပါ
လုပ်ဆောင်ချက် တစ်ခုစီကို သင်ပထမဆုံး အသုံးပြုသည့်အခါ Tella ကို ခွင့်ပြုချက်အချို့ ပေးရန် သင့်အား တောင်းဆိုပါမည်-
- ဓာတ်ပုံရိုက်ရန်၊ ဗီဒီယိုရိုက်ရန် သို့မဟုတ် အသံဖမ်းရန်အတွက် သင့်ဖုန်း၏ ကင်မရာနှင့် မိုက်ခရိုဖုန်းကို ဝင်ရောက်အသုံးပြုခွင့်ပေးရန် လိုအပ်ပါမည်။
- To use Nearby Sharing you'll need to grant access to detect devices on your Wi-Fi network.

ဤခွင့်ပြုချက်များကို Tella အား မပေးပါက နောက်မှ သင်၏ iPhone ဆက်တင်များသို့သွားပြီး ဆက်တင်များ > Tella > Tella အား ကင်မရာ၊ မိုက်ခရိုဖုန်းနှင့် ဖိုင်များကို ဝင်ရောက်ကြည့်ရှုခွင့်ပေးပါ သို့သွာ း၍ ခွင့်ပြုချက်များ ပေးနိုင်ပါသည်။

သင့်ဖိုင်များကို ကာကွယ်ပါ
ခွင့်ပြုချက်ပေးပြီးနောက် သင်သည် စာရွက်စာတမ်းများကို စတင်စုဆောင်းရန် အဆင်သင့်ဖြစ်ပါပြီ။ အောက်ပါအင်္ဂါရပ်များကို လေ့လာရန် သင့်အား ကျွန်ုပ်တို့ အကြံပြုအပ်ပါသည်-
ရုပ်ပုံများ သို့မဟုတ် ဗီဒီယိုများကို ရိုက်ယူရန် ကင်မရာနှင့် အသံဖမ်းယူရန် အသံဖမ်းစက်တို့ကို အသုံးပြုပါ။ Tella ဖြင့် ရိုက်ကူးထားသော မီဒီယာအားလုံးကို ချက်ချင်း ကုဒ်ဝှက်မည်ဖြစ်သောကြောင့် ၎င်းဖိုင်ကို Tella ပြင်ပတွင် အသုံးပြုနိုင်မည်မဟုတ်ပါ။ Tella အတွင်းရှိ စုဆောင်းထားသော မီဒီယ ာအားလုံးကို သင့်ဖုန်းပြခန်း သို့မဟုတ် ဖုန်းဖိုင်များတွင် ပြသမည် မဟုတ်ပါ။ Tella အတွက် သီးသန့်သိုလှောင်မှု ကန့်သတ်ချက် မရှိပါ၊ ရရှိနိုင်သောနေရာသည် သင့်စက်ပေါ်ရှိ နေရာလွတ်ပေါ်တွင် မူတည်ပါမည်။


သင့်ဖိုင်များကို Tella သို့ ပေးပို့ပါ။ Tella အတွင်းရှိ ဖိုင်တွဲများမှတစ်ခုသို့ သွား၍ + ခလုတ် > စက်ပစ္စည်းမှ ပေးပို့မည် ကို နှိပ်ပါ။ Tella တွင် သင်သိမ်းဆည်းလိုသော ဖိုင်ကို ရွေးချယ်ပြီးနောက် ဖိုင်၏မိတ္တူကို Tella တွင် ကုဒ်ဝှက်ပြီး ဝှက်၍သိမ်းထားပါမည်။ မူရင်းဖိုင်ကို သင့်စက်မှ ဖျက်ရန် သို့မဟုတ် သိမ်းထားရန် ရွေးချယ်ခိုင်းပါမည်။ သင့်ဖိုင်များကို ရွေးချယ်နေစဉ် အများဆုံး (၃) မိနစ်အထိ Tella ကို သော့ဖွင့်ထားပါမည်။

ဖိုင်တွဲများကို ဖန်တီးပါ။ သင့်ဖိုင်များကို ရှာဖွေရာ၌ ပိုမိုလွယ်ကူစေရန် ဖိုင်များကို ဖိုင်တွဲများအဖြစ် စုစည်းနိုင်ပါသည်။ ဖိုင်အားလုံး > + > ဖိုင်တွဲအသစ်တစ်ခုကို ဖန်တီးပါ သို့သွားကာ ဖိုင်တွဲအတွက် ဖော်ပြချက်အမည်ကို ရိုက်ထည့်ပါ။ ထို့နောက် စခရင်၏ ထိပ်ရှိ တစ်ခုမက ရွေးရန် ခလုတ်ကို အသုံးပြု၍ ဖိုင်တွဲအသစ်သို့ ရွှေ့လိုသော ဖိုင်များကို ရွေးချယ်ပါ၊ ထို့နောက် အစက် (၃) စက်ခလုတ်ကို နှိပ်ပြီး အခြားဖိုင်တွဲတစ်ခုသို့ ရွှေ့ပါ၊ ဖိုင်တွဲကို ရှာတွေ့ရန် ဖိုင်တည်ဆောက်ပုံ လမ်းကြောင်းရှာပါ။ ထို့နောက် ဤနေရာသို့ ရွှေ့ရန် ကို နှိပ်ပါ။

ဖိုင်များကို အမည်ပြောင်းပါ- သင့်ဒေတာများကို စနစ်တကျထားရှ ိရန် အခြားနည်းလမ်းမှာ ပိုမိုသိသာထင်ရှားစေရန် ဖိုင်များကို အမည်ပြောင်းလဲခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ဖိုင်များကို အလိုအလျောက် ထုတ်ပေးသော အမည်ပေးထားပါမည်။ ဖိုင်အမည်တစ်ခုစီ၏ ဘေးတွင် ရှိသော အစက် (၃) စက် ကို နှိပ်ပြီး အမည်ပြောင်းရန် ကို နှိပ်၍ ၎င်းကို ပြောင်းလဲနိုင်သည်။

သင့်အချက်အလက်များကို မျှဝေပါ
Tella ကိုအသုံးပြု၍ အချက်အလက်မျှဝေရန် မျှဝေရန် ခလုတ်ကို အသုံးပြုနိုင်သည်။ သင်မျှဝေလိုသော ဖိုင် သို့မဟုတ် ဖိုင်များကို ရွေးချယ်ပါ၊ မျှဝေရန် ကိုနှိပ်ပြီး သင်ဖိုင်များကို မျှဝေလိုသောအက်ပ်ကို ရွေးချယ်ပါ။
ကုဒ်ဝ ှက်မထားသော ဖိုင်များအား Tella က မျှဝေမည်ကို ထည့်သွင်းစဉ်းစားပါ၊ ထို့ကြောင့် (ဥပမာ- WhatsApp သို့မဟုတ် Signal တို့တွင်) မက်ဆေ့ချ်များ ပျောက်သွားစေရန် ပြုလုပ်ပါ သို့မဟုတ် တစ်ဖက်လူက လက်ခံရရှိပြီးနောက် မက်ဆေ့ဂျ်များကို ဖျက်ပါ။

Nearby sharing
You share files directly from Tella’s encrypted vault to another Tella encrypted vault in the same physical location using Nearby Sharing. After a quick connection tutorial, the two devices establish a secure link, and files are transferred encrypted from one device to the other. Nearby Sharing allows phone-to-phone (Android or iOS) and phone-to-computer file transfers.
ရှေ့ဆက်သွားပါ
ဆာဗာသို့ ချိတ်ဆက်ပါ
Tella သည် back-end ဝန်ဆောင်မှုအမျိုးမျိုးနှင့် ချိတ်ဆက်နိုင်သည်။ အဖွဲ့အစည်းများသည် ၎င်းတို့၏အဖွဲ့ဝင်များ သို့မဟုတ် မိတ်ဖက်များအား ဒေတာနှင့် ဖိုင်များကို လုံခြုံသည့် အဝေးမှ တည်နေရာတစ်ခုသို့ ပေးပို့ခွင့်ပြုရန် ၎င်းကို အသုံးပြုသည်။ အကယ်၍ သင်သည် ဆာဗာတစ်ခုသို့ ချိတ်ဆက်ရန် စဉ်းစားနေပြီး မည်သည့်ဆာဗာကို ရွေးချယ်ရမည် သို့မဟုတ် မည်သို့ချိတ်ဆက်ရမည်ကို မသေချာပါက ကျေးဇူးပြု၍ အဖွဲ့အစည်းများအတွက် ကျွန်ုပ်တို့၏ စာရွက်စာတမ်းများ ကို ကြည့်ရှုပါ သို့မဟုတ် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
Tella ဝဘ်
Tella ဝဘ်သည် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် အသံဖိုင်များအပါအဝင် Tella အသုံးပြုသူများ ပေးပို့သော အစီရင်ခံစာများကို ဗဟိုချုပ်ကိုင်၍ စီမံခ န့်ခွဲနိုင်စေပြီး လူတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများကို အသုံးပြုနိုင်စေမည့် ပွင့်လင်းအရင်းအမြစ် ကိရိယာတစ်ခုဖြစ်သည်။
Tella ဝဘ် အကြောင်း ဤနေရာတွင် ပိုမိုဖတ်ရှုပါ သို့မဟုတ် ဗီဒီယိုသင်ခန်းစာ ကို ကြည့်ရှုပါ။
Uwazi
Uwazi သည် HURIDOCS မှ ဖန်တီးထားသော ပွင့်လင်းအရင်းအမြစ် အက်ပ်တစ်ခု ဖြစ်ပြီး လူ့အခွင့်အရေးအချက်အလက်များကို စုဆောင်းရန်၊ စုစည်းရန်နှင့် ရုပ်ပုံဖြင့်ဖော်ပြနိုင်ရန် အစွမ်းထက်သော အင်္ဂါရပ်များ ပါဝင်သည်။
Uwazi ဆာဗာသို့ ချိတ်ဆက်ပုံနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ကျွန်ုပ်တို့ ရေးသားခဲ့ပြီး စတင်ရန်အတွက် ဤစာမျက်နှာ ကို ဖတ်ရှုရန် အကြံပြုအပ်ပါသည်။
Nextcloud, Dropbox and Google Drive
Users can also connect to their Google, Dropbox or Nextcloud organizational or personal accounts in order to submit reports (audio, photos, videos and text) directly from Tella. They won't need the Dropbox, Google Drive or Nextcloud apps on their phones and won't need to use any third party apps.
Read more:
Tella အကြောင်း ပိုမိုဖတ်ရှုပါ
- အင်္ဂါရပ်များ- Tella သည် သင့်အား မည်သို့ ဘေးကင်းလုံခြုံစေနိုင်ကြောင်းနှင့် Tella က does not protect သင့်ကိုကာကွယ်မပေးနိုင်သည့် ခြိမ်းခြောက်မှုများအကြောင်း ပိုမိုလေ့လာပါ။
- ချိတ်ဆက်မှုများ- ဒေတာ သို့မဟုတ် အရန်ဖိုင်များကို စုဆောင်းရန် ဆာဗာသို့ ချိတ်ဆက်နည်းကို လေ့လာပါ။
- လုံခြုံရေးနှင့် ကိုယ်ရေ းလုံခြုံမှု- ကျွန်ုပ်တို့သည် လိုအပ်သော ဒေတာပမာဏ အနည်းဆုံးကိုသာ စုဆောင်းပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မည်သည့်အခါမျှ မစုဆောင်းပါ။ ကိုယ်ရေးလုံခြုံမှု မူဝါဒအပြည့်အစုံကို ဤနေရာတွင် ဖတ်ပါ။
အကူအညီ လိုအပ်ပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ
သင်နှင့် သင့်အဖွဲ့အတွက် သင့်လျော်မှု ရှိ၊ မရှိကို ဆုံးဖြတ်ရန်အတွက် Tella ၏ လုံခြုံရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများနှင့် နည်းပညာဆိုင်ရာ အသေးစိတ်အချက်အလက်များကို နားလည်ရန် အကူအညီလိုအပ်ပါက ကျွန်ုပ်တို့ ကူညီရန် အသင့်ရှိနေပါသည်။ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ သို့မှသာ သင့်မေးခွန်းများကို ဖြေကြားနိုင်ပါမည် သို့ မဟုတ် သင့်အဖွဲ့အတွက် တိုက်ရိုက် အမေးအဖြေကဏ္ဍ လက်ခံကျင်းပရန် သို့မဟုတ် သင်တန်းပေးရန် အစီအစဥ်ပြုလုပ်နိုင်ပါမည်။