Android တွင် Tella စတင်နည်း
Tella ကို ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းပါ
Tella ကို ဒေါင်းလုဒ်လုပ်ရန် သင့်တွင် ရွေးချယ်စရာများ ရှိသည်-
- Tella ကို Google Play Store တွင် ရှာရန် သို့မဟုတ် Google Play Store ကိုဖွင့်၍ “Tella” ကို ရှာရန် ဤလင့်ခ် ကို နှိပ်ပါ။
- ၎င်းကို F-droid စတိုး မှ ဒေါင်းလုဒ်လုပ်ပါ။
- ဤဖိုင်တွဲအတွင်း သို့မဟုတ် ကျွန်ုပ်တို့၏ Telegram ချန်နယ်ဖြစ်သော https://t.me/tellaapp မှ .apk ဖိုင်အနေဖြင့် ကိုယ်တိုင်ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းပါ။
အက်ပ်ကို ကိုယ်တိုင်ထည့်သွင်းရန် အကူအညီ လိုအပ်ပါက သင်သည် ဤလမ်းညွှန်ချက်ကို လိုက်နာနိုင်သည် သို့မဟုတ် ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်သည်။

သင့်သော့ခလောက်ကို ဖန်တီးပါ
Tella ကို သင်ပထမဆုံးဖွင့်လိုက်သောအခါ အက်ပ်လုပ်ဆောင်ချက်များဖြစ်သည့် ကင်မရာ၊ အသံဖမ်းစက်နှင့် ကုဒ်ဝှက်ထားသော ဖိုင်များနှင့် ဖိုင်တွဲများအသုံးပြုပုံကို ပြသပေးသည့် လမ်းညွှန်ချက်များ တွေ့ရပါမည်။ Tella အား မည်သို့ သော့ခတ်မည်ကို သင့်အား ရွေးချယ်ခိုင်းပါမည်။ ဤသို့သော့ခတ်ခြင်းမရှိပါက Tella ကိုဖွင့်နိုင်မည်မဟုတ်သည့်အပြင် ၎င်းတွင် သိမ်းဆည်းထားသည့် ဖိုင်များကို ဝင်ရောက်ကြည့်ရှုနိုင်မည် မဟုတ်ပါ။
- စကားဝှက်- အက္ခရာနှင့်နံပါတ်ပါသော စကားဝှက်တစ်ခုသည် သင့်အက်ပ်ကို သော့ခတ်ရန် အလုံခြုံဆုံးနည်းလမ်း ဖြစ်သည်။
- ပင်နံပါတ်- ဂဏန်း (၆) လုံးထက်ပိုသော ကိန်းဂဏန်းတစ်ခု။
- ပုံစံ- အနည်းဆုံး အစက်ခြောက် (၆) စက်ရှိသော ဂဏန်းပုံစံတစ်ခု။
သင့်အမည်၊ မွေးသက္ကရာဇ် သို့မဟုတ် (“Password”၊ “123456” သို့မဟုတ် “000000” ကဲ့သို့) ခန့်မှန်းရလွယ်ကူသောအရာကို ရှောင်ကြဉ်ပါ။
အကယ်၍ ဤသော့ခလောက်ကို မေ့သွားခဲ့လျှင် အက်ပ် သို့မဟုတ် ၎င်း၏အကြောင်းအရာကို ဝင်ရောက်ကြည့်ရှုရန် နည်းလမ်းမရှိတော့ကြောင်း မှတ်သားထားပါ။
Tella အား ခွင့်ပြုချက်ပေးပါ
လုပ်ဆောင်ချက်တစ်ခုစီကို သင်ပထမဆုံး အသုံးပြုသည့်အခါ Tella ကို ခွင့်ပြုချက်အချို့ ပေးရန် သင့်အား တောင်းဆိုပါမည်-
- ဓာတ်ပုံရိုက်ရန်၊ ဗီဒီယိုရိုက်ရန် သို့မဟုတ် အသံဖမ်းရန်အတွက် သင့်ဖုန်း၏ ကင်မရာနှင့် မိုက်ခရိုဖုန်းကို ဝင်ရောက်အသုံးပြုခွင့်ပေးရန် လိုအပ်ပါမည်။
- Tella သို့ ဖိုင်များ ပေးပို့ရန် သို့မဟုတ် Tella မှ ဖိုင်များကို သင့်ဖုန်းသို့ ထုတ်ယူရန် သင်သည် သင့်စက်ပစ္စည်းဖိုင်စနစ်သို့ ဝင်ရောက်ခွင့်ပေးရပါမည်။
- “အတည်ပြုမုဒ်” ကို အသု ံးပြုရန် သို့မဟုတ် သင့်တည်နေရာကို ပေးပို့ရန် သင့်စက်ပစ္စည်းတည်နေရာကို ဝင်ရောက်ကြည့်ရှုခွင့်ပေးရပါမည်။ Tella ၏ ဆက်တင်များထဲသို့ ဝင်ပြီး အထွေထွေ > အတည်ပြုမုဒ် သို့ သွားခြင်းဖြင့် ထိုသို့ဝင်ရောက်ခွင့် ပြုနိုင်ပါသည်။
ဤခွင့်ပြုချက်များကို Tella အား ပေးအပ်ရန် သင်ငြင်းဆိုပါက သင်၏ Android ဆက်တင်များသို့ သွားကာ ဆက်တင်များ > အက်ပ်များ > Tella > အက်ပ်ခွင့်ပြုချက်များသို့ အဆင့်ဆင့် ဝင်ရောက်၍ နောက်ပိုင်းတွင် ခွင့်ပြုချက်ပေးနိုင်ပါသည်။


သင့်ဖိုင်များကို ကာကွယ်ပါ
ခွင့်ပြုချက်ပေ းပြီးနောက် သင်သည် စာရွက်စာတမ်းများကို စတင်စုဆောင်းရန် အဆင်သင့်ဖြစ်ပါပြီ။ အောက်ပါအင်္ဂါရပ်များကို လေ့လာရန် သင့်အား ကျွန်ုပ်တို့ အကြံပြုအပ်ပါသည်-
ရုပ်ပုံများ သို့မဟုတ် ဗီဒီယိုများကို ရိုက်ယူရန် ကင်မရာနှင့် အသံဖမ်းယူရန် အသံဖမ်းစက်တို့ကို အသုံးပြုပါ။ Tella ဖြင့် ရိုက်ကူးထားသော မီဒီယာအားလုံးကို ချက်ချင်း ကုဒ်ဝှက်မည်ဖြစ်သောကြောင့် ၎င်းဖိုင်ကို Tella ပြင်ပတွင် အသုံးပြုနိုင်မည်မဟုတ်ပါ။ Tella အတွင်းရှိ စုဆောင်းထားသော မီဒီယာအားလုံးကို သင့်ဖုန်းပြခန်း သို့မဟုတ် ဖုန်းဖိုင်များတွင် ပြသမည် မဟုတ်ပါ။ Tella အတွက် သီးသန့်သိုလှောင်မှု ကန့်သတ်ချက် မရှိပါ၊ ရရှိနိုင်သောနေရာသည် သင့်စက်ပေါ်ရှိ နေရာလွတ်ပေါ်တွင် မူတည်ပါမည်။



သင့်ဖိုင်များကို Tella သို့ ပေးပို့ပါ။ Tella အတွင်းရှိ ဖိုင်တွဲများမှတစ်ခုသို့ သွား၍ + ခလုတ် > စက်ပစ္စည်းမှ ပေးပို့မည် ကို နှိပ်ပါ။ Tella တွင် သင်သိမ်းဆည်းလိုသော ဖိုင်ကို ရွေးချယ်ပြီးနောက် ဖိုင်၏မိတ္တူကို Tella တွင် ကုဒ်ဝှက်ပြီး ဝှက်၍သိမ်းထားပါမည်။ မူရင်းဖိုင်ကို သင့်စက်မှ ဖျက်ရန် သို့မဟုတ် သိမ်းထားရန် ရွေးချယ်ခိုင်းပါမည်။ သင့်ဖိုင်များကို ရွေးချယ်နေစဉ် အများဆုံး (၃) မိနစ်အထိ Tella ကို သော့ဖွင့်ထားပါမည်။

ဖိုင်တွဲများကို ဖန်တီးပါ။ သင့်ဖိုင်များကို ရှာဖွေရာ၌ ပိုမိုလွယ်ကူစေရန် ဖိုင်များကို ဖိုင်တွဲများအဖြစ် စုစည်းနိုင်ပါသည်။ ဖိုင်အားလုံး > + > ဖိုင်တွဲအသစ်တစ်ခုကို ဖန်တီးပါ သိ ု့သွားကာ ဖိုင်တွဲအတွက် ဖော်ပြချက်အမည်ကို ရိုက်ထည့်ပါ။ ထို့နောက် စခရင်၏ ထိပ်ရှိ တစ်ခုမက ရွေးရန် ခလုတ်ကို အသုံးပြု၍ ဖိုင်တွဲအသစ်သို့ ရွှေ့လိုသော ဖိုင်များကို ရွေးချယ်ပါ၊ ထို့နောက် အစက် (၃) စက်ခလုတ်ကို နှိပ်ပြီး အခြားဖိုင်တွဲတစ်ခုသို့ ရွှေ့ပါ၊ ဖိုင်တွဲကို ရှာတွေ့ရန် ဖိုင်တည်ဆောက်ပုံ လမ်းကြောင်းရှာပါ။ ထို့နောက် ဤနေရာသို့ ရွှေ့ရန် ကို နှိပ်ပါ။

ဖိုင်များကို အမည်ပြောင်းပါ- သင့်ဒေတာများကို စနစ်တကျထားရှိရန် အခြားနည်းလမ်းမှာ ပိုမိုသိသာထင်ရှားစေရန် ဖိုင်များကို အမည်ပြောင်းလဲခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ဖိုင်များကို အလိုအလျောက် ထုတ်ပေးသော အမည်ပေးထားပါမည်။ ဖိုင်အမည်တစ်ခုစီ၏ ဘေးတွင် ရှိသော အစက် (၃) စက် ကို နှိပ်ပြီး အမည်ပြောင်းရန် ကို နှိပ်၍ ၎င်းကို ပြောင်းလဲနိုင်သည်။
Tella ကို အသွင်ပြောင်းပါ
သင့်စက်တွင် Tella ကို ဝှက်ထားရန် နည်းလမ်းနှစ်မျိုး သုံး၍ အသွင်ပြောင်းနိုင်ပါသည်။
- သင်သည် (ဂိမ်း သို့မဟုတ် ရာသီဥတုအက်ပ်) ကဲ့သို့ အခြားအက်ပ်နှင့် တူစေရန် အက်ပ်၏အမည်နှင့် သင်္ကေတကို ပြောင်းလဲနိုင်သည်။ Tella ကို ဝှက်ထားရန် အမည်နှင့် အိုင်ကွန်များ ၂၈ ခုရှိသည်။
- အပြည့်အဝအလုပ်လုပ်နိုင်သော ဂဏန်းတွက်စက်နောက်တွင် Tella ကို သင်ဝှက်ထားနိုင်သည်။ သင့်ဖုန်း၏ မူလပုံစံနှင့် ကိုက်ညီစေရန်နှင့် Tella ကို ဖုံးကွယ်ရာတွင် ကူညီပေးရန် မတူညီသည့် အပြင်အဆင် ၄ ခုကို ကျွန်ုပ်တို့ ဖန်တီးထားပါသည်။ Tella ကိုဖွင့်ရန်အတွက် အသုံးပြုသူသည် ဂဏန်းပေါင်းစက်တွင် = ကို နှိပ်ပြီး ၎င်းတို့၏ ပင်နံ ပါတ်ကို ထည့်သွင်းရပါမည်။ အသုံးပြုသူသည် ပင်လော့ခ်ချခြင်းကို အသုံးပြုမှသာ ဂဏန်းပေါင်းစက်သဏ္ဌာန် အသွင်ပြောင်းနိုင်ပါသည်။ ပုံစံ သို့မဟုတ် စကားဝှက်ကို အသုံးပြုပါက Tella ကို ဂဏန်းပေါင်းစက်အဖြစ် အသွင်ပြောင်းရန် မဖြစ်နိုင်ပါ။ ဤနေရာ တွင် အသွင်ပြောင်းခြင်း အကြောင်း ပိုမိုဖတ်ရှုပါ။

သင်၏ အချက်အလက်များကို မျှဝေပါ။
Tella ကိုအသုံးပြု၍ အချက်အလက်မျှဝေရန် မျှဝေရန် ခလုတ်ကို အသုံးပြုနိုင်သည်။ သင်မျှဝေလိုသော ဖိုင် သို့မဟုတ် ဖိုင်မ ျားကို ရွေးချယ်ပါ၊ မျှဝေရန် ကိုနှိပ်ပြီး သင်ဖိုင်များကို မျှဝေလိုသောအက်ပ်ကို ရွေးချယ်ပါ။
ကုဒ်ဝှက်မထားသော ဖိုင်များအား Tella က မျှဝေမည်ကို ထည့်သွင်းစဉ်းစားပါ၊ ထို့ကြောင့် (ဥပမာ- WhatsApp သို့မဟုတ် Signal တို့တွင်) မက်ဆေ့ချ်များ ပျောက်သွားစေရန် ပြုလုပ်ပါ သို့မဟုတ် တစ်ဖက်လူက လက်ခံရရှိပြီးနောက် မက်ဆေ့ဂျ်များကို ဖျက်ပါ။

Nearby sharing
You share files directly from Tella’s encrypted vault to another Tella encrypted vault in the same physical location using Nearby Sharing. After a quick connection tutorial, the two devices establish a secure link, and files are transferred encrypted from one device to the other. Nearby Sharing allow phone-to-phone (Android or iOS) and phone-to-computer file transfers.