Skip to main content

Tella

Document & protect

အင်တာနက်ချိတ်ဆက်မှု ကန့်သတ်ထားသော သို့မဟုတ် လုံးဝမရှိသော ဒေသများ သို့မဟုတ် ဖိနှိပ်ခံနေရသည့်အခြေအနေများကဲ့သို့ စိန်ခေါ်မှုရှိသော ပတ်ဝန်းကျင်များတွင် Tella သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရန်နှင့် ဒေတာစုဆောင်းရန် ပိုမိုလွယ်ကူပြီး လုံခြုံစေသည်။

Get Tella on Google PlayGet Tella on App StoreGet Tella on F-Droid
Screenshot of the Tella app on Android. Showing Connections to Tella Web Uwazi and the folder structure showing that within Tella users can record and save Images, Videos and Audios securely and encripted.Screenshot of the Tella app on Android. Showing Connections to Tella Web Uwazi and the folder structure showing that within Tella users can record and save Images, Videos and Audios securely and encripted.

ဘာကြောင့် Tella ကို သုံးသင့်လဲ။

Why Tella illustration

သင်သည် တက်ကြွလှုပ်ရှားသူ၊ သတင်းထောက်၊ လူ့အခွင့်အရေး ကာကွယ်သူ သို့မဟုတ် မတရားမှုများကို မှတ်တမ်းတင်သူ ဖြစ်ပါက Tella ကို အသုံးပြုနိုင်ပါသည်-

  • သင့်ကိုယ်သင် ကာကွယ်ရန် ထိရှလွယ်သော စာရွက်စာတမ်းများ စုဆောင်း၊ သိမ်းဆည်းစဉ် ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများမှ ကာကွယ်နိုင်သည်။

  • သင်စုဆောင်းသော ဒေတာများကို ကာကွယ်ရန် ဆင်ဆာဖြတ်ခြင်း၊ နှောင့်ယှက်ခြင်း၊ ကြားဖြတ်ယူခြင်းနှင့် ဖျက်ဆီးခြင်းတို့မှ ကာကွယ်ရန်။

  • အရည်အသွေးမြင့်သော စာရွက်စာတမ်းများကို လွယ်ကူစွာ ထုတ်လုပ်ရန် သုတေသန၊ တရားမျှတစေရန် ဆောင်ရွက်ခြင်း သို့မဟုတ် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုတို့အတွက် အသုံးပြုနိုင်သည်။

၁။ သင်၏ဒေတာကို ကာကွယ်ပါ

  • သင့်ဖိုင်များကို စကားဝှက်ထည့်ရန်- Tella သည် သင့်ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် အသံဖိုင်များကို စကားဝှက်ထည့်သွင်းမှုကို ချက်ချင်းပြုလုပ်ပါသည်။

  • သင့်ဖိုင်များကို စက်ပစ္စည်းတွင် ဖျောက်ရန်- သင့်ဖိုင်များကို ဖုန်းရှိ ပုံမှန် ပုံပြခန်း သို့မဟုတ် ဖိုင်ရှာဖွေအက်ပ်မှ ဝင်ရောက်ကြည့်ရှု၍မရပါ။ အက်ပ်အတွင်း၌သာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

  • သင့်ဖိုင်များကို သော့ခတ်ရန်- သင့်ဖိုင်များကို ကာကွယ်ရန် PIN သို့မဟုတ် စကားဝှက်တစ်ခု သတ်မှတ်ပါ။ မှန်ကန်သော သော့ကို ထည့်ခြင်းကသာ Tella တွင် သိမ်းဆည်းထားသော ဖိုင်များကို ကုဒ်ဖြည်နိုင်သည့် နည်းလမ်းဖြစ်သည်။

  • အက်ပ်ကို အသွင်ပြောင်းရန်- အခြားသူများမှ ဖုန်းကိုရှာဖွေနေစဉ် Tella ကို ပုံစံပြောင်း၍ ဝှက်ထားနိုင်ပါသည်။

Vault illustration
Tella ၏ အင်္ဂါရပ်များကို လေ့လာပါ

၂။ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ပါ

Notepad illustration
  • Tella အတွင်းရှိ ကင်မရာနှင့် အသံဖမ်းစက်- သင့်ဖိုင်များကို အက်ပ်တွင် ချက်ချင်း ကုဒ်ဝှက်ပြီး ဝှက်ထားနိုင်ရန် ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုမှတ်တမ်းတင်ခြင်းနှင့် အသံဖမ်းခြင်းတို့ကို Tella တွင် တိုက်ရိုက်ပြုလုပ်နိုင်သည်။
  • Tella သည် UwaziKobotoolboxTella Web တို့နှင့် ပေါင်းစပ်မှုရှိသည်။ သင့်လိုအပ်ချက်အတွက် အကောင်းဆုံးသော ပလက်ဖောင်းကို ရွေးချယ်ပြီး Tella တွင် ဒေတာကို တိုက်ရိုက် စုဆောင်းပါ။
  • အော့ဖ်လိုင်း မုဒ်- အင်တာနက်ချိတ်ဆက်မှု ကန့်သတ်ထားသော သို့မဟုတ် လုံးဝမရှိသော နေရာများတွင် သင့်ဒေတာများကို သိမ်းဆည်းထားပြီး ယုံကြည်စိတ်ချရသော အင်တာနက်ချိတ်ဆက်မှု ရှိသည့်အခါ တင်သွင်းနိုင်သည်။
အဖွဲ့အစည်းများက Tella ကို မည်သို့အသုံးပြုနေကြောင်း ဖတ်ရှုပါ

၃. Tella သည် အခမဲ့ဖြစ်သည့်အပြင် ဘာသာစကားများစွာဖြင့် ရရှိနိုင်သော ပွင့်လင်းအရင်းအမြစ်ဖြစ်သည်

  • အမြဲ အခမဲ့- Tella ကို လုံခြုံရေးအန္တရာယ်ကျရောက်နေသူများအတွက် ရေးဆွဲထားပါသည်။ ၎င်းကို အခမဲ့ ဒေါင်းလုဒ်လုပ်၍ အသုံးပြုနိုင်ပြီး အစဉ်အမြဲ အခမဲ့ ရယူနိုင်မည်ဖြစ်သည်။
  • သင့်ဘာသာစကား ရွေးပါ- Tella ကို လက်ရှိ၌ အာရပ်၊ ဘီလာရု၊ မြန်မာ၊ အင်္ဂလိပ်၊ အင်ဒိုနီးရှား၊ ဂျိန်းဖော၊ ကန်နာဒါ၊ ကရင် စကော၊ ကာ့ဒ်၊ မာလယာလံ၊ ပါရှန်း၊ ပေါ်တူဂီ၊ ရုရှ၊ စပိန် (လက်တင်အမေရိကာ) နှင့် တမီးလ် တို့ဖြင့်ရနိုင်ပါသည်
  • ကုဒ်ကို ယုံကြည်ပါ- Tella အတွက် ကုဒ်ကို သုတေသီများ၊ လုံခြုံရေးအခြေအနေ ခွဲခြားစိတ်ဖြာသူများနှင့် ဆော့ဖ်ဝဲတီထွင်သူများက အခမဲ့ စိစစ်၍ ပြန်လည်အသုံးပြုနိုင်ရန် ပွင့်လင်းအရင်းအမြစ်အဖြစ် ပြုလုပ်ပေးထားပြီး အများသူငှာ ရယူအသုံးပြုနိုင်ပါသည်
Open source  illustration