Skip to main content

Tella အင်္ဂါရပ်များ

Tella ကို ဒေါင်းလုဒ်လုပ်ပြီးသည်နှင့် အသုံးပြုသူအားလုံးသည် အောက်ပါ အင်္ဂါရပ်အားလုံးကို ရရှိနိုင်ပါသည်။ ၎င်းတို့သည် ဆာဗာချိတ်ဆက်မှု သို့မဟုတ် အထူးစနစ်ထည့်သွင်းမှုတစ်စုံတစ်ရာ မလိုအပ်ပါ။

အင်္ဂါရပ်AndroidiOSAndroid FOSS
အက်ပ် သော့ခလောက်စကားဝှက်၊ ပင်နံပါတ်၊ ပုံစံစကားဝှက်၊ ပင်နံပါတ်စကားဝှက်၊ ပင်နံပါတ်၊ ပုံစံ
နောက်ခံဒေတာ ကုဒ်ဝှက်ခြင်း✔️✔️✔️
Backups (to another Tella or to a server)✔️✔️✔️
လော့ခ်ကျရန် ကြာချိန် သတ်မှတ်ပေးခြင်း✔️✔️✔️
ကင်မရာ အသံတိတ်မုဒ်✔️မရသေး✔️
စခရင် လုံခြုံရေး✔️✔️✔️
သော့ဖွင့်ရန် ကြိုးပမ်းမှုများကို ကန့်သတ်ပေးခြင်း✔️✔️✔️
မီဒီယာကို တည်းဖြတ်ပါCrop, Rotate, Flip and Zoom PhotosCrop and Rotate Photos, Trim Audio and Videos, Rotate VideoCrop, Rotate, Flip and Zoom Photos
ကုဒ်ဝှက်ခြင်း✔️✔️✔️
ကုဒ်ဝှက်ထားသော ဖိုင်စီမံခန့်ခွဲမှု✔️✔️✔️
တုံ့ပြန်ချက်✔️✔️✔️
စက်ပစ္စည်းမှ ဖိုင်များကို တင်သွင်းမည်✔️✔️✔️
တင်သွင်းသည့်အခါ မက်တာဒေတာကို သိမ်းဆည်းမည်✔️✔️✔️
ကိုယ်ပိုင်လုံခြုံမှုကို ထိန်းသိမ်းထားသော အချက်အလက်ခွဲခြမ်းစိတ်ဖြာခြင်း (opt-in)✔️မရသေး✔️
အသွင်ပြောင်းခြင်း✔️iOS တွင် မဖြစ်နိုင်ပါ✔️
ပင်မစခရင်ကို စိတ်ကြိုက်ပြင်ဆင်ခြင်း✔️✔️✔️
ကင်မရာ (ဓာတ်ပုံများနှင့် ဗီဒီယိုများ)✔️✔️လုပ်‌ဆောင်မည်၊ သို့သော် ချုံ့ချဲ့ခြင်း၊ ကင်မရာ အလှည့်အပြောင်း၊ ဖလက်ရှ်မီးနှင့် ဇယားကွက် ခွင့်ပြုမှုများ မပါဝင်ပါ
ဗီဒီယို ကြည်လင်ပြတ်သားမှုကို ရွေးမည်✔️မရသေးမရသေး
အသံဖမ်းစက်✔️✔️✔️
Tella တွင် ဖိုင်များကိုဖွင့်မည်✔️✔️✔️
အတည်ပြုမုဒ်✔️မရသေး✔️
အမြန်ဖျက်ရန်ဖိုင်များ၊ ချိတ်ဆက်မှုများနှင့် Tellaဖိုင်များနှင့် ချိတ်ဆက်မှုများဖိုင်များ၊ ချိတ်ဆက်မှုများနှင့် Tella
အမြန်ထွက်ရန်သော့ခတ်ပြီး ပိတ်မည်သော့ခတ်မည်သော့ခတ်ပြီး ပိတ်မည်
Share button✔️✔️✔️
ဒေတာစုဆောင်းရန်နှင့် ဖိုင်များပေးပို့ရန် ချိတ်ဆက်မှုများ- Tella Web
- Uwazi
- Google Drive
- Dropbox
- Nextcloud
- Open Data Kit (Forms)
- Tella Web
- Uwazi
- Google Drive
- Dropbox
- Nextcloud
- Tella Web
- Uwazi
- Open Data Kit (Forms)
Nearby Sharing✔️✔️✔️
အော့ဖ်လိုင်းဒေတာစုဆောင်းခြင်း✔️✔️✔️

အက်ပ်သော့ခလောက်

Tella ကို ထည့်သွင်းသောအခါ အသုံးပြုသူသည် အက်ပ်၏အကြောင်းအရာကို ကုဒ်ဝှက်ခြင်းနှင့် ကုဒ်ဖြည်ခြင်းပြုလုပ်ရန် သော့ခလောက်တစ်ခု 🔒ရွေးချယ်ရပါမည်။

  • Android တွင် အသုံးပြုသူသည် ပုံစံ၊ ပင်နံပါတ် သို့မဟုတ် စကားဝှက်ကို ရွေးချယ်နိုင်သည်။
  • iOS တွင် အသုံးပြုသူသည် ပင်နံပါတ် သို့မဟုတ် စကားဝှက်ကို ရွေးချယ်နိုင်သည်။

ဤသော့ခလောက်မရှိဘဲ Tella ကို ဖွင့်ရန် မဖြစ်နိုင်ပါ။

خطر

အသုံးပြုသူသည် ၎င်းတို့၏သော့ကို မေ့သွားပါက Tella နှင့် အက်ပ်အတွင်း သိမ်းဆည်းထားသည့်ဖိုင်များကို ပြန်လည်ရယူနိုင်မည် မဟုတ်ပါ။ Tella ကို ဖြုတ်ပြီး ပြန်လည်ထည့်သွင်းရမည်ဖြစ်ကာ ဖိုင်အားလုံး ဆုံးရှုံးပါမည်။ 🔒🔑🚪

ဗီဒီယိုသင်ခန်းစာ 🎥

ကျွန်ုပ်တို့၏ ဗီဒီယိုသင်ခန်းစာ တွင် Tella သော့ခလောက်များအကြောင်း ပိုမိုလေ့လာပါ။

နောက်ခံကုဒ်ဝှက်ခြင်း

ဖိုင်များကို ကုဒ်ဝှက်နေစဉ်အတွင်း အသုံးပြုသူများအနေဖြင့် လုပ်ဆောင်ချက်များကို ဆက်လက်ပြုလုပ်နိုင်ရန်အတွက် Tella သည် ဖိုင်များကို နောက်ခံတွင် ကုဒ်ဝှက်သည်။ အသုံးပြုသူများသည် နောက်ခံတွင် ပြုလုပ်နေဆဲဖြစ်သော လှုပ်ရှားမှုများကို ဘယ်ဘက်ထိပ်ရှိ "အသိပေးချက်များ" အိုင်ကွန် (🔔) ကို နှိပ်၍ Tella ပင်မမျက်နှာပြင်မှ ဝင်ရောက်သုံးစွဲနိုင်သည့် နောက်ခံလှုပ်ရှားမှုအစု တွင် ကြည့်နိုင်သည်။

ဖိုင်များကို ကုဒ်ဝှက်နေစဉ်တွင် Tella သည် အသိပေးချက်များ အိုင်ကွန်ပေါ်တွင် လိမ္မော်ရောင် အမှတ်အသားတစ်ခု ပြသသည်။ အချို့ဖိုင်များကို ကုဒ်ဝှက်နေစဉ်အတွင်း အသုံးပြုသူက နောက်ခံလှုပ်ရှားမှုအစုကို ဖွင့်လျှင် တန်းစီစောင့်ဆိုင်းနေသော ဖိုင်စာရင်းနှင့် ကုဒ်ဝှက်ရာတွင်တိုးတက်မှုကို တွေ့နိုင်သည်။

خطر

ဖိုင်များကုိ နောက်ခံတွင် ကုဒ်ဝှက်နေစဉ် အသုံးပြုသူသည် Tella မှ ဖိအားသုံး၍ ထွက်ပါက (ဥပမာ- အမြန်ထွက်ရန် ကို သုံး၍ဖြစ်စေ အက်ပ်ကို အသေးဆုံးအရွယ်အစားသို့ ချုံ့၍ဖြစ်စေ) ထိုဖိုင်များ ဆုံးရှုံးပါမည်။

معلومات

အကယ်၍ အတည်ပြုမုဒ် ကို ဖွင့်ထားပါက ဓာတ်ပုံ၊ ဗီဒီယို သို့မဟုတ် အသံဖိုင်ကို သိမ်းလိုက်သည်နှင့် ဖိုင်မက်တာဒေတာအားလုံးကို ရယူနိုင်ရန်အတွက် နောက်ခံကုဒ်ဝှက်ခြင်းကို ပိတ်ထားပါမည်။

:::

Backup files

Tella stores all the information locally in your phone. If you delete your files (for example using quick delete or if you uninstall Tella), your files cannot be restored unless you have backed them up outside of your Tella Vault.

We offer several alternatives to backup files, so you can safely delete files from Tella and import those back in, but the backup process is manual, for the moment. Please contact us if you have questions.

ملاحظة

All exports outside of Tella's encrypted vault (to a connected server or to your phone) will be unencrypted. The only method for sharing files that transfer files directly to another encrypted vault is Nearby Sharing.

Backup files to another phone or computer

Using Nearby Sharing you can transfer files directly to another Tella vault, either in another phone or to a computer that's in physical proximity. Files are shared and store encrypted in the other Tella. If you backup to another phone you can use Nearby Sharing again to restore the files to your Tella.

معلومات

For the moment Tella Desktop can only receive files.

Backup files to a cloud

Some individuals use commercial clouds (Google Drive, Dropbox, Nextcloud) as a backup system for their Tella data. However, we advise using this feature with caution:

  • Automatic backups to any server are not currently available. They need to be made manually as submissions to each of the servers.
  • Files on the server will be accessible to anyone with server access.

You can continue reading about Server Connections and how organizations use Tella here.

လော့ခ်ကျရန် ကြာချိန် သတ်မှတ်ခြင်း

ပုံသေအားဖြင့် Tella သည် အသုံးပြုသူက အက်ပ်မှထွက်တိုင်း သို့မဟုတ် သင့်ဖုန်းမျက်နှာပြင် ပိတ်သွားတိုင်း ချက်ချင်း လော့ခ်ချပါမည်။ ဤဆက်တင်ကို ပြောင်းလိုပါက အသုံးပြုသူသည်

ဆက်တင်များ ⚙️ > လုံခြုံရေး > လော့ခ်အချိန်ပြည့်ခြင်း သို့ သွား၍ ပြောင်းလဲနိုင်သည်။

ရရှိနိုင်သော ရွေးချယ်စရာများမှာ ၁ မိနစ်၊ ၅ မိနစ်၊ မိနစ် ၃၀ နှင့် ၁ နာရီ တို့ ဖြစ်သည်။ ⏱️

معلومات

အကယ်၍ Tella ကို လော့ခ်မချထားလျှင် ဒေတာကို ကာကွယ်နိုင်မည်မဟုတ်ဘဲ Tella သို့ ဝင်ရောက်သူတိုင်းက ၎င်းတွင်ရှိသည့် အချက်အလက်အားလုံးကို တွေ့မြင်နိုင်မည်ဖြစ်သောကြောင့် ကျေးဇူးပြု၍ ဤအင်္ဂါရပ်ကို ဂရုတစိုက် အသုံးပြုပါ။

معلومات

ကင်မရာ သို့မဟုတ် အသံဖမ်းစက်ကို ဖွင့်ထားစဉ် Tella လော့ခ်ကျမည် မဟုတ်ပါ

ဗီဒီယိုသင်ခန်းစာ 🎥

ကျွန်ုပ်တို့၏ ဗီဒီယိုသင်ခန်းစာ တွင် Tella ၏ ထပ်တိုးလုံခြုံရေးအင်္ဂါရပ်များအကြောင်း ပိုမိုလေ့လာပါ။

ကင်မရာ အသံတိတ်မုဒ်

ပုံသေအားဖြင့် Tella တွင် ကင်မရာ အသံတိတ်မုဒ်ကို ပိတ်ထားသည်။ ဓာတ်ပုံရိုက်နေစဉ် အာရုံစိုက်ခံရမှု နည်းစေရန်အတွက် ဆက်တင်များ ⚙️ > လုံခြုံရေး > ကင်မရာ အသံတိတ်မုဒ် သို့ သွား၍ ကင်မရာ ရှပ်တာသံကို ပိတ်နိုင်သည်။

ဗီဒီယိုသင်ခန်းစာ 🎥

ကျွန်ုပ်တို့၏ ဗီဒီယိုသင်ခန်းစာ တွင် Tella ၏ ထပ်တိုးလုံခြုံရေးအင်္ဂါရပ်များအကြောင်း ပိုမိုလေ့လာပါ။

စခရင် လုံခြုံရေး

ပုံသေအားဖြင့် Tella သည် စခရင်ရှော့တ်များ၊ Tella အတွင်း စခရင်ရိုက်ကူးမှုများကို ပိတ်ဆို့ပြီး မကြာသေးမီကအက်ပ်များစာရင်းတွင် စခရင်ကြိုကြည့်နိုင်မှုကို ဝှက်ထားသည် 📱🔒။ အသုံးပြုသူများသည် စခရင်ရှော့တ်ရိုက်ရန် သို့မဟုတ် စခရင်ရိုက်ကူးမှု ပြုလုပ်ရန် သို့မဟုတ် တင်ဆက်ပြသမှုတစ်ခုအတွက် Tella ကို ကွန်ပျူတာစခရင်တွင် ပြသရန် လိုအပ်ပါက ဤလုံခြုံရေး အင်္ဂါရပ်ကို ဆက်တင်များ ⚙️ > လုံခြုံရေး > စခရင် လုံခြုံရေး သို့ သွား၍ ပိတ်နိုင်သည်။

iOS တွင် စခရင် လုံခြုံရေးသည် Tella အတွင်းရှိ စခရင် မှတ်တမ်းတင်ခြင်းများကိုသာ ပိတ်ဆို့ထားပြီး လတ်တလောအက်ပ်စာရင်းတွင် စခရင်ကို ပိတ်ဆို့ထားသော်လည်း စခရင် ဓါတ်ပုံရိုက်ခြင်း သို့မဟုတ် စခရင် မှတ်တမ်းတင်ခြင်းတို့ကို ပိတ်ရန် မဖြစ်နိုင်ပါ။

ဗီဒီယိုသင်ခန်းစာ 🎥

Tella ထပ်ဆောင်း လုံခြုံရေးအင်္ဂါရပ်များအကြောင်းကို ကျွနု်ပ်တို့၏ ဗီီဒီယို သင်ခန်းစာ တွင် ပိုမိုလေ့လာပါ

လော့ခ်ဖွင့်ရန် ကြိုးပမ်းမှုများကို ကန့်သတ်ပါ

ဆက်တင်များ ⚙️ > လုံခြုံရေး > သော့ဖွင့်ရန် မအောင်မြင်ပြီးနောက် ဖျက်ပါ သို့ သွားခြင်းဖြင့် Tella အတွင်းရှိ အရာအားလုံးကို မဖျက်မီ သော့ဖွင့်ရန် ကြိုးပမ်းမှုအကြိမ်ရေ မည်မျှ ခွင့်ပြုမည်ကို အသုံးပြုသူက ဆုံးဖြတ်နိုင်သည်။

ပုံမှန်အားဖြင့် ဤဆက်တင်ကို ပိတ်ထားသောကြောင့် လော့ခ်ဖွင့်ရန် ကြိုးပမ်းမှုများကို ကန့်သတ်မထားသည့်အပြင် ဒေတာများကို ဖျက်မည် မဟုတ်ပါ။ အသုံးပြုသူသည် လော့ခ်ဖွင့်ရန် ကြိုးပမ်းမှုများကို ၅ ကြိမ်၊ ၁၀ ကြိမ် သို့မဟုတ် အကြိမ် ၂၀ အထိ ကန့်သတ်ရန် ရွေးချယ်နိုင်သည်။ ၎င်းတို့အနက် တစ်ခုကို ရွေးချယ်ပါက သတ်မှတ်ထားသော အကြိမ်ရေ မပြည့်မီ ၃ ကြိမ်အလိုမှစ၍ (၃ ကြိမ် ကျန်သေးသည်၊ ၂ ကြိမ် ကျန်သေးသည် စသဖြင့်) သော့ပိတ်ထားသော ဖန်သားပြင်ပေါ်တွင် ရုပ်ပုံအညွှန်း ပြမပြကိုလည်းကောင်း၊ ရုပ်ပုံအညွှန်း လုံးဝမပြသရန်လည်းကောင်း ရွေးချယ်နိုင်ပါသည်။

သတ်မှတ်ထားသော အကြိမ်ရေ ပြည့်ပြီးနောက် ဖိုင်များ၊ ချိတ်ဆက်မှုများနှင့် Tella ရှိ အရာအားလုံး ပျက်သွားမည်ဖြစ်ပြီး အက်ပ်အား ၎င်း၏ "အသစ်ထည့်သွင်းထားသည့်" အခြေအနေသို့ ပြန်လည်သတ်မှတ်ပေးပါမည်။

خطر

ဤလုံခြုံရေးဆက်တင်သည် Tella သို့ ဝင်ရောက်ရန် ထပ်ခါထပ်ခါ စကားဝှက်ဖြည့်သွင်းမှုများကို တားဆီးပေးသော်လည်း သော့ဖွင့်ရန်ကြိုးပမ်းမှု သတ်မှတ်အကြိမ်ရေ ပြည့်သွားသည်နှင့် Tella ရှိ အကြောင်းအရာများကို ပြန်လည်ရယူရန် နည်းလမ်းမရှိသောကြောင့် သတိဖြင့် အသုံးပြုသင့်ပါသည်။

မီဒီယာကို တည်းဖြတ်မည်

ကျွနု်ပ်တို့သည် Tella အတွင်း မီဒီယာဖိုင်များကို တိုက်ရိုက် တည်းဖြတ်နိုင်မှုကို ထည့်ပေးရန် လုပ်ဆောင်ဆဲ ဖြစ်သည်။ မကြာမီ အသုံးပြုသူများသည် မိမိတို့၏ ဖိုင်များကို တည်းဖြတ်နိုင်ရန်အတွက် Tella ပြင်ပသို့ တင်ပို့ရန် လိုအပ်တော့မည်မဟုတ်ပါ။ Tella Android နှင့် Tella iOS တွင် ဓာတ်ပုံတည်းဖြတ်နိုင်ခြင်း (တိဖြတ်ခြင်းနှင့် လှည့်ခြင်း) ဖြင့် အစပြုထားသည်။

အသုံးပြုသူများသည် ရုပ်ပုံများ ဖိုင်တွဲ မှ နောက်ထပ် > တည်းဖြတ်ရန် ဖိုင်တွဲသို့ သွားခြင်းဖြင့် သို့မဟုတ် Tella တွင်ရှိသော ပုံအား ကြည့်ရှုနေစဉ် ညာဘက်အပေါ်ရှိ တည်းဖြတ်ရန် ခလုတ်ကို နှိပ်ခြင်းဖြင့် ဓာတ်ပုံကို တည်းဖြတ်နိုင်ပါသည်။ ပုံတည်းဖြတ်ခြင်း မျက်နှာပြင်တွင် အသုံးပြုသူများသည် ရုပ်ပုံကို နာရီလက်တံပြောင်းပြန်လှည့်ရန် မျက်နှာပြင် အောက်ခြေရှိ လှည့်မည် ခလုတ်ကို အသုံးပြုနိုင်သလို ရုပ်ပုံကို ဖြတ်တောက်ရန် သင့်လက်ချောင်းများကို ချုံ့၊ချဲ့၍ အဖြူရောင်ကင်းဗတ်စကို ရွှေ့ နိုင်သည်။ တည်းဖြတ်မှုများ ပြီးသောအခါ အသုံးပြုသူများသည် တည်းဖြတ်မျက်နှာပြင်၏ ညာဘက်အပေါ်ရှိ လိမ္မော်ရောင်စစ်ဆေးမှုကို နှိပ်နိုင်သည်။

ကုဒ်ဝှက်ခြင်း

Tella တွင် သိမ်းဆည်းထားသော ဖိုင်အားလုံးကို ကုဒ်ဝှက်ထားသည်။ အက်ပ်သော့မရှိပါက Tella တွင် သိမ်းဆည်းထားသော ဖိုင်များကို ကုဒ်ဖြည်ပြီး ဝင်ရောက်ကြည့်ရှုရန် မဖြစ်နိုင်ပါ။ 🔒🔐

အက်ပ်ကို ထည့်သွင်းသောအခါ အသုံးပြုသူသည် ၎င်းတို့အသုံးပြုလိုသော သော့ခတ်သည့် နည်းလမ်းကို ဆုံးဖြတ်ပါသည်။ Android အတွက်ဆိုလျှင် အသုံးပြုသူသည် ခြောက်မှတ် ပုံစံ၊ ပင်နံပါတ် သို့မဟုတ် စကားဝှက်ကို အသုံးပြုနိုင်သည်။ iOS အတွက်ဆိုလျှင် ပင်နံပါတ် သို့မဟုတ် စကားဝှက်ကို အသုံးပြုနိုင်သည်။ သော့မပါဘဲ အက်ပ်ကို ဖွင့်၍မရပါ။

စက်ပစ္စည်းကို ကွန်ပျူတာတွင် ပလပ်ထိုးထားပြီး စက်ပစ္စည်းရှိ ဒေတာအားလုံးကို ခွဲခြမ်းစိတ်ဖြာရန် ဖြည်ထားလျှင်ပင် Tella ရှိ အကြောင်းအရာနှင့် ဒေတာအားလုံးသည် ဖတ်ရှုနားလည်ရန် မဖြစ်နိုင်သည့်အပြင် အသုံးဝင်မည်မဟုတ်ပါ။ ကုဒ်ဖြည်ရန် တစ်ခုတည်းသော နည်းလမ်းမှာ မှန်ကန်သော သော့ကို ထည့်သွင်းခြင်းဖြစ်ပြီး Tella တွင် သိမ်းဆည်းထားသည့် အကြောင်းအရာများကို အက်ပ်ကို သော့ဖွင့်ခြင်းဖြင့်သာ ဖတ်ရှုနိုင်မည်ဖြစ်သည်။

خطر

အသုံးပြုသူ၏ သော့ခလောက်သည် အလွန်အားနည်းပါက ရန်သူက ၎င်းကို ခန့်မှန်းနိုင်ပြီး ဖုန်းတွင် အက်ပ်ကိုဖွင့်နိုင်မည်ဖြစ်သည်။ သို့မဟုတ် ဒေတာကို ဖြည်ယူနိုင်ပြီး ကွန်ပျူတာဖြင့် ထပ်ခါထပ်ခါ ခန့်မှန်းစကားဝှက်များကို ဖြည့်သွင်းစမ်းသပ်ကာ စကားဝှက် ဖော်ပေးနိုင်သည်။

خطر

အသုံးပြုသူသည် မိမိ၏ သော့ခလောက်ကို မေ့သွားပါက အက်ပ်သို့ ဝင်ရောက်ခွင့်နှင့် ၎င်း၏အကြောင်းအရာကို ပြန်လည်ရယူရန် နည်းလမ်းမရှိပါ။

ဗီဒီယိုသင်ခန်းစာ 🎥

သော့ခလောက်များနှင့် ကုဒ်ဝှက်ခြင်းအကြောင်းကို ကျွနု်ပ်တို့၏ ဗီဒီယို သင်ခန်းစာ တွင် ပိုမိုလေ့လာပါ

معلومات

ကုဒ်ဝှက်ခြင်းဆိုင်ရာ နည်းပညာ အသေးစိတ်အချက်အလက်များကို လုံခြုံရေးနှင့် ကိုယ်ရေးလုံခြုံမှု ကဏ္ဍတွင် တွေ့ရှိနိုင်သည်။

ဖိုင်စီမံခန့်ခွဲမှု

Tella သည် အသုံးပြုသူများအား ကွန်ပျူတာတွင် ၎င်းတို့လုပ်ဆောင်မည့် ပုံစံအတိုင်း ဖိုင်များနှင့် ဖိုင်တွဲများကို စီမံခန့်ခွဲခွင့်ပြုသည်။ ဖိုင်များနှင့် ဖိုင်တွဲအားလုံးကို ကုဒ်ဝှက်ထားပြီး Tella အတွင်းတွင်သာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 📂📝

Tella တွင် အသုံးပြုသူများသည်-

  • ဓာတ်ပုံ 📷၊ ဗီဒီယို 🎥၊ အသံဖိုင်များ 🎧 နှင့် စာရွက်စာတမ်းများ 📝 အပါအဝင် မည်သည့်ဖိုင်ကိုမဆို သိမ်းဆည်းနိုင်သည်။
  • ဖိုင်တွဲများနှင့် ဖိုင်တွဲအခွဲများ ဖန်တီးနိုင်သည်။
  • ဖိုင်များကို ဖိုင်တွဲများထဲသို့ ရွှေ့ပြီး ဖိုင်တွဲတစ်ခုမှ အခြားတစ်ခုသို့ ရွှေ့နိုင်သည်။
  • ဖိုင်များကို ၎င်းတို့၏ စက်ပစ္စည်းသို့ ထုတ်ယူနိုင်သည်။ Tella ပြင်ပရှိ ၎င်းတို့၏ စက်ပစ္စည်းတွင် သိမ်းဆည်းပြီးသည်နှင့် ဖိုင်များကို ကုဒ်ဝှက်ခြင်းမပြုတော့ဘဲ စက်ပစ္စည်းကို ရှာဖွေနေသူတိုင်း ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
  • ၎င်းတို့၏ စက်ပစ္စည်းမှ ဖိုင်များကို တင်သွင်းနိုင်သည်။ Tella ထဲသို့ တင်သွင်းချိန်တွင် ဖိုင်များကို အလိုအလျောက် ကုဒ်ဝှက်ပါသည်။
خطر

စက်ပစ္စည်း ဖိုင်စနစ်မှ ဖိုင်များကို Tella သို့ တင်သွင်းခြင်းဖြင့် Tella တွင် ဖိုင်မိတ္တူ ဖန်တီးပေးပါမည်။ တင်သွင်းသောအခါ သင့်ဖုန်းမှ မူရင်းဖိုင်ကို သိမ်းဆည်းလိုခြင်း သို့မဟုတ် ဖျက်လိုခြင်း ရှိ၊ မရှိ Tella က မေးမြန်းပါမည်။ မူရင်းဖိုင်ကို သိမ်းဆည်းရန် သင်ရွေးချယ်ပါက ၎င်းတို့သည် Tella ပြင်ပတွင်ရှိပြီး ကုဒ်ဝှက်မထားဘဲ စက်ပစ္စည်းပေါ်တွင် ရှိနေမည်ဖြစ်သည်။ 🔒

တုံ့ပြန်ချက်

ပိုမိုကောင်းမွန်စေရန်အတွက် အကြံပေးရန်၊ ချွတ်ယွင်းချက်များနှင့် ပြဿနာများကို သတင်းပို့ရန်နှင့် ပံ့ပိုးမှုတောင်းခံရန်အတွက် Tella အဖွဲ့ထံ ဆက်သွယ်ရန် Tella အသုံးပြုသူများအတွက် ရွေးချယ်စရာများစွာရှိသည်။ Tella တွင် အခြားရွေးချယ်စရာ ၂ ခု ရှိသည်-

  1. အီးမေးလ်-

    • အီးမေးလ်လိပ်စာကို ရှာဖွေရန် ဆက်တင်များ > အကြောင်းနှင့် အကူအညီ > ကျွန်ုပ်တို့ကို ဆက်သွယ်ပါ သို့ သွားပါ။
    • အသုံးပြုသူများသည် မိမိတို့ နှစ်သက်ရာ အီးမေးလ်အက်ပ်ကို အသုံးပြု၍ Tella အဖွဲ့ထံ အီးမေးလ်ပို့နိုင်သည်။
  2. အက်ပ်အတွင်း တုံ့ပြန်ချက်ဖောင်-

    • အက်ပ်အတွင်း တုံ့ပြန်ချက်ဖောင်ကို ဖွင့်ရန် ဆက်တင်များ > တုံ့ပြန်ချက် သို့ သွားပါ။
    • ၎င်းသည် အသုံးပြုသူများအား Tella အဖွဲ့ထံ အမည်မဖော်ပြဘဲ တုံ့ပြန်ချက် မျှဝေခွင့်ပြုသည်။

သုံးစွဲသူ၏ ကိုယ်ရေးလုံခြုံမှုနှင့် အမည်ဝှက်ကို သေချာစေရန် HTTPS POST တောင်းဆိုမှုများမှတစ်ဆင့် ကျွန်ုပ်တို့၏ တုံ့ပြန်ချက်ဆာဗာသို့ မရှိမဖြစ်လိုအပ်သော ဒေတာများကိုသာ ပေးပို့ပါသည်။ အသုံးပြုသူအချက်အလက် ပါဝင်သော မှတ်တမ်းများ (IP လိပ်စာ၊ ရက်စွဲနှင့် အချိန်နှင့် အသုံးပြုသူ-အေးဂျင့်) တို့ကို အပတ်စဉ် အလိုအလျောက် ဖျက်ပါသည်။

တုံ့ပြန်ချက်ဆာဗာ ဒေတာဘေ့စ်တွင် အသုံးပြုသူများက တုံ့ပြန်ချက်‌ပုံစံဖြင့် ပေးပို့သော စာသားမိတ္တူများနှင့် ၎င်းတို့ကို မည်သည့် ပလက်ဖောင်း (Android သို့မဟုတ် iOS) မှ ပေးပို့ခြင်းဖြစ်ကြောင်းသာ ကျွန်ုပ်တို့သိမ်းဆည်းထားပါသည်။

معلومات

ကျွန်ုပ်တို့ရရှိမည့် အချက်အလက်မှာ အသုံးပြုသူများ တုံ့ပြန်ချက်ဖောင်တွင် အထူးထည့်သွင်းထားသည့် အကြောင်းအရာများသာ ဖြစ်သည်။ အသုံးပြုသူများက ပံ့ပိုးကူညီမှု တောင်းခံပါက သို့မဟုတ် ၎င်းတို့အား နောက်ဆက်တွဲ မေးမြန်းမှုများ ပြုလုပ်စေလိုပါက ၎င်းတို့ထံ ဆက်သွယ်ရန် ကျွန်ုပ်တို့အတွက် လုံခြုံသော နည်းလမ်းတစ်ခု ပေးသင့်ပါသည်။

စက်ပစ္စည်းမှ ဖိုင်များကို တင်သွင်းခြင်း

အသုံးပြုသူသည် တင်သွင်းရန်အင်္ဂါရပ်ကို အသုံးပြု၍ Tella သို့ တင်သွင်းသော ဖိုင်များကို လုံခြုံအောင်ပြုလုပ်ထားနိုင်ပါသည်။ ၎င်းတို့တင်သွင်းလိုသည့် ဖိုင်အမျိုးအစားပေါ်မူတည်၍ ဖိုင်အားလုံး၊ ရုပ်ပုံများ၊ ဗီဒီယို၊ အသံ သို့မဟုတ် စာရွက်စာတမ်းများပေါ်ရှိ ထည့်ပါ ( + ) ခလုတ်ကို နှိပ်ပြီးနောက် စက်ပစ္စည်းမှ တင်သွင်းမည် 📥 ကို နှိပ်ကာ ပေးပို့နိုင်ပါသည်။ ၎င်းတို့၏ ဖုန်းမှတ်ဉာဏ်မှ မူရင်းဖိုင်ကို သိမ်းဆည်းလိုခြင်း သို့မဟုတ် ဖျက်လိုခြင်း ရှိ၊ မရှိ သုံးစွဲသူအား မေးမြန်းသည့် သတိပေးစာတမ်းတစ်ခု ပေါ်လာပါမည်။ တင်သွင်းထားသော ဖိုင်များကို Tella တွင် လုံခြုံစွာ သိမ်းဆည်းထားမည်ဖြစ်သည်။

ဗီဒီယိုသင်ခန်းစာ 🎥

ကျွနု်ပ်တို့၏ ဗီဒီယို သင်ခန်းစာများတွင် အထောက်အထား စုဆောင်းခြင်း နှင့် ဒေတာ မျှဝေခြင်း အကြောင်း ပိုမိုလေ့လာပါ။

တင်သွင်းနေစဉ် မက်တာဒေတာကို သိမ်းဆည်းခြင်း

ဆက်တင်များ > လုံခြုံရေး တွင် Tella သို့ ဓာတ်ပုံများနှင့် ဗီဒီယိုများကို တင်သွင်းသည့်အခါ ဖိုင်၏ မက်တာဒေတာကို ထိန်းသိမ်းရန် သို့မဟုတ် ဖျက်ရန် အသုံးပြုသူများတွင် ရွေးချယ်ခွင့်ရှိသည်။ ဖိုင်များ၏ EXIF ​​မက်တာဒေတာတွင် ဖိုင်ကိုဖန်တီးခဲ့သည့် အချိန်၊ ကင်မရာဆက်တင်များ သို့မဟုတ် စက်ပစ္စည်း၏ တည်နေရာအကြောင်း အချက်အလက်များ ပါဝင်နိုင်ပါသည်။

ကိုယ်ရေးလုံခြုံမှုကို ထိန်းသိမ်းထားသော အချက်အလက်ခွဲခြမ်းစိတ်ဖြာခြင်း (ရွေးချယ်ရန်)

Android အသုံးပြုသူများသည် Tella ကို ပိုမိုကောင်းမွန်စေရန်အတွက် ခွဲခြမ်းစိတ်ဖြာမှုများကို မျှဝေပေးရန် ရွေးချယ်နိုင်သည်။ အချက်အလက်အားလုံးကို အမည်မဖော်ဘဲ စုပေါင်းမည်ဖြစ်ပြီး အသုံးပြုသူတစ်ဦးစီနှင့် လုံးဝ ဆက်စပ်နိုင်မည် မဟုတ်ပါ။ ကျွနု်ပ်တို့ အသုံးပြုသော စနစ်နှင့် ကျွနု်တို့ စုစည်းရယူသော ကိန်းဂဏန်းများအကြောင်း နည်းပညာဆိုင်ရာ အချက်အလက်များ သိရှိလိုပါက လုံခြုံရေးနှင့် ကိုယ်ရေးလုံခြုံမှု စာမျက်နှာ၏ ခွဲခြမ်းစိတ်ဖြာချက်များ အပိုင်း ကို ဝင်ကြည့်ပါ။

Tella တွင် ဖိုင်များကို ဖွင့်ပါ

ရုပ်ပုံများ၊ ဗီဒီယိုများ၊ PDF များနှင့် အသံများကို Tella တွင် ရုပ်ပုံအဖြစ် မြင်နိုင်သည်။ 📱📄

Tella FOSS တွင် PDF များကို ဖွင့်ရန် တင်ပို့ရပါမည်။

အသွင်ပြောင်းခြင်း

Tella Android တွင် Tella ကို နည်းလမ်းနှစ်မျိုးဖြင့် ဝှက်ထားနိုင်သည်-

  1. အသုံးပြုသူများသည် ဂိမ်း သို့မဟုတ် မိုးလေဝသအက်ပ်ကဲ့သို့ အခြားအက်ပ်နှင့်တူစေရန် အက်ပ်၏ အမည်နှင့် သင်္ကေတကို ပြောင်းလဲနိုင်သည်။ 🎮🌦️
  2. အသုံးပြုသူများသည် အပြည့်အဝအလုပ်လုပ်နိုင်သော ဂဏန်းပေါင်းစက်နောက်တွင် Tella ကို ဝှက်ထားနိုင်သည်။ Tella ကို ဖွင့်ရန် အသုံးပြုသူသည် ဂဏန်းပေါင်းစက်တွင် = ကို နှိပ်ပြီး ၎င်းတို့၏ ပင်နံပါတ်ကို ထည့်သွင်းရပါမည်။ အသုံးပြုသူသည် ပင်နံပါတ်သုံး လော့ခ်ချခြင်းကို အသုံးပြုမှသာ ဂဏန်းပေါင်းစက်သဏ္ဌာန် အသွင်ပြောင်းနိုင်ပါသည်။ ပုံစံ သို့မဟုတ် စကားဝှက်ကို အသုံးပြုပါက Tella ကို ဂဏန်းပေါင်းစက်အဖြစ် အသွင်ပြောင်းရန် မဖြစ်နိုင်ပါ။ 🔢🔒

ယခုချိန်တွင် Apple App Store ရှိ ကန့်သတ်ချက်များကြောင့် Tella Android တွင် ရရှိနိုင်သည့် အသွင်ပြောင်းထားသော အင်္ဂါရပ်များကို iOS အတွက် ပံ့ပိုးမထားပါ။

خطر

"Tella" အမည်နှင့် ၎င်း၏အိုင်ကွန်ကို Android ဆက်တင်များတွင် မြင်တွေ့နေရပါမည်။ ဆိုလိုသည်မှာ တစ်စုံတစ်ဦးက ဖုန်းပေါ်တွင် Tella ကို စေ့စေ့စပ်စပ် ရှာဖွေခြင်း သို့မဟုတ် စက်ပစ္စည်း၏ အတွင်းကျကျ ပိုင်းခြားစိတ်ဖြာခြင်းတို့ လုပ်ဆောင်ပါက အသွင်ပြောင်းခြင်းက ကာကွယ်ပေးမည် မဟုတ်ပါ။ 🔒👀

ဗီဒီယိုသင်ခန်းစာ🎥

ကျွန်ုပ်တို့၏ ဗီဒီယိုသင်ခန်းစာတွင် Tella အသွင်ပြောင်းခြင်း အကြောင်း ပိုမိုလေ့လာပါ။

ပင်မစခရင်ကို စိတ်ကြိုက်ပြင်ဆင်ခြင်း

ပုံမှန်အားဖြင့် Tella ၏ ပင်မစခရင်သည် 📷 ပုံများ၊ 🎥 ဗီဒီယိုများ၊ 🎧 အသံ၊ 📄 စာရွက်စာတမ်းများနှင့် အခြားဖိုင်များဟူ၍ ဖိုင်များကို အမျိုးအစားအလိုက် စီမံခန့်ခွဲပေးသည်။ ၎င်းသည် ဖိုင်အားလုံးကို ဝင်ရောက်ကြည့်ရှုနိုင်သည့် ဖိုင်အားလုံး ကဏ္ဍကိုလည်း ပံ့ပိုးပေးပါသည်။ နောက်ထပ် အချက်အလက်များအတွက် ဖိုင်စီမံခန့်ခွဲမှုကဏ္ဍကို ကြည့်ရှုပါ။

အဆင်ပြေလွယ်ကူစွာ ဝင်ရောက်နိုင်စေရန်အတွက် အောက်ပါတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဖြတ်လမ်းလင့်ခ်များကို ပြသရန် ပင်မစခရင်ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည် -

  • Tella တွင် နောက်ဆုံးဖိုင်များကို အမြန်ဖွင့်ရန်အတွက် မကြာသေးမီက ဖိုင်များ 💼
  • ODK ဆာဗာသို့ ချိတ်ဆက်အသုံးပြုသူများအတွက် အကြိုက်ဆုံး ဖောင်ပုံစံများ 📝
  • Uwazi ဆာဗာသို့ ချိတ်ဆက်အသုံးပြုသူများအတွက် အကြိုက်ဆုံး ပုံစံပြားများ 📋

ဤချိန်ညှိမှုကို ဆက်တင်များ > အထွေထွေ တွင် တွေ့နိုင်ပါသည်။

အမြန်ဖျက်ရန်

သုံးစွဲသူများသည် အမြန်ဖျက်ရန် ခလုတ်ကို နှိပ်ရုံဖြင့် Tella အတွင်းရှိ ထိရှလွယ်သော ဒေတာများကို စက္ကန့်အနည်းငယ်အတွင်း ဖယ်ရှားနိုင်စေပါသည်။ အရေးပေါ်အခြေအနေများတွင် Tella မှ အချက်အလက်များကို အမြန်ဖျက်ရန်အတွက် အသုံးပြုသူသည် ပင်မစခရင်တွင် လျှောခလုတ်တစ်ခုဖွင့်ရန် ရွေးချယ်နိုင်သည့် ဆက်တင်များ > လုံခြုံရေး > အမြန်ဖျက်ရန် တွင် အမြန်ဖျက်ရန်ကို သတ်မှတ်ထားနိုင်သည်။ ဖွင့်ထားပါက ဤအင်္ဂါရပ်ကို အသုံးပြုသည့်အခါ ဖျက်ပစ်မည့်ဒေတာကို အသုံးပြုသူက အတိအကျ ရွေးချယ်နိုင်သည်။ ရရှိနိုင်သော ရွေးချယ်မှုများမှာ -

  • အခန်းကို ဖျက်ပါ- Tella တွင် သိမ်းဆည်းထားသော ဖိုင်အားလုံးကို ဖျက်ပေးသည် 🗑️
  • မူကြမ်းနှင့် တင်သွင်းပြီးသော ဖောင်များကို ဖျက်ပါ- ချိတ်ဆက်ထားသော Open Data Kit (ODK) ဆာဗာအားလုံးမှ မူကြမ်းများနှင့် တင်သွင်းပြီးသော ဖောင်များကို ဖျက်ပေးသည် 📝
  • ဆာဗာဆက်တင်များကို ဖျက်ပါ- ဆာဗာချိတ်ဆက်မှုအားလုံး၊ ၎င်းတို့နှင့် ဆက်စပ်နေသော ဖောင်များ သို့မဟုတ် ပုံစံပြားများ အားလုံးကို ဖျက်ပေးသည် 📋
  • Tella ကို ဖျက်ပါ- အက်ပ်နှင့် ၎င်းတွင်ပါရှိသော ဒေတာအားလုံးကို ဖျက်ပေးသည်။ ၎င်းကို ရွေးချယ်ခြင်းက သုံးစွဲသူအား Tella ကို ဖြုတ်ချင်ပါသလားဟု မေးသည့် မက်ဆေ့ချ်ကို ပို့စေပါသည် ❌။
Delete Tella

နည်းပညာဆိုင်ရာ ကန့်သတ်ချက်များကြောင့် Android ဖုန်းအချို့တွင် Tella ကို ဖျက်ပါ ရွေးချယ်မှုကို မရနိုင်ပါ။ ဤပြဿနာကို ဖြေရှင်းရန် ကျွန်ုပ်တို့ လုပ်ဆောင်နေပါသည်။ iOS တွင် အက်ပ်တစ်ခုကို ပရိုဂရမ်ဖြင့် ဖျက်၍ မရပါ။

အမြန်ထွက်ရန်

Tella ၏ ပင်မမျက်နှာပြင် ညာဘက်အပေါ်ထောင့်ရှိ အထွက် ခလုတ်ကို နှိပ်ခြင်းဖြင့် Android အသုံးပြုသူများသည် အရေးပေါ်အခြေအနေတွင် အက်ပ်ကို အမြန်ပိတ်ပြီး သော့ခတ်နိုင်သည်။ သော့ခတ်ချိန်ကို "ချက်ချင်း" ဟု သတ်မှတ်ထားချိန်တွင် အသုံးပြုသူ ထွက်သွားသည်နှင့် အက်ပ်သည် သော့ခတ်ပြီးသား ဖြစ်သည်။ ဆိုလိုသည်မှာ အမြန်ထွက်ရန် ခလုတ်ကို အသုံးပြုခြင်းဖြင့် အက်ပ်အား အပြည့်အဝပိတ်ပြီး သော့ခတ်ပေးမည့် လုံခြုံရေးနှင့် အာမခံချက်အလွှာ အပိုထည့်ထားပါသည် 🔒

iOS တွင် အက်ပ်တစ်ခုကို အသုံးပြုနေစဥ် ၎င်းကိုပိတ်ရန် မဖြစ်နိုင်ပါ။ အက်ပ်ကို သော့ခတ်မည့်အစား အမြန်ထွက်ရန် ခလုတ်ကို နှိပ်ပါ။

အတည်ပြုမုဒ်

Tella ဆက်တင်များတွင် သုံးစွဲသူများသည် "အတည်ပြုမုဒ်" ကို ဖွင့်နိုင်ပါသည် ✅

၎င်းမုဒ်ကို ဖွင့်ထားချိန်တွင် အသုံးပြုသူတစ်ဦးက ဓာတ်ပုံ သို့မဟုတ် ဗီဒီယို ရိုက်သည့်အခါတိုင်း သို့မဟုတ် အသံဖမ်းသည့်အခါတိုင်း Tella သည် အတည်ပြုခြင်းဆိုင်ရာ အချက်အလက်များ (ဖိုင်မက်တာဒေတာ) ကို အလိုအလျောက် ဖမ်းယူပါသည်။ ဤအတည်ပြုခြင်းဆိုင်ရာ အချက်အလက်ကို ဖမ်းယူရိုက်ကူးခဲ့သည့် ဖြစ်ရပ် သို့မဟုတ် တည်နေရာအကြောင်း သိရှိထားသည့် အခြားအချက်အလက်များနှင့် အပြန်အလှန် စစ်ဆေးရန် ပူးပေါင်း သက်သေအထောက်အထားများအဖြစ် အသုံးပြုနိုင်သည်။ ဖိုင်ကို စက်တွင် သိမ်းဆည်းသည့်အခါ သို့မဟုတ် ပြင်ပအဖွဲ့အစည်းအက်ပ်များမှတစ်ဆင့် မျှဝေသည့်အခါ အတည်ပြုခြင်းဆိုင်ရာ အချက်အလက်များကို သီးခြားဖိုင်တစ်ခုအဖြစ် ထည့်သွင်းဖော်ပြပါမည်။ ဖိုင်ဖော်မတ်သည် .CSV ဖြစ်ပြီး ကော်လံများအလိုက် မက်တာဒေတာ အချက်အလက်များ ပါဝင်သည်။ ဤဖိုင်ကို (Excel၊ Google Spreadsheets သို့မဟုတ် Open Office ကဲ့သို့) စာရင်းဇယား အက်ပ်တစ်ခုခုဖြင့် ဖွင့်နိုင်သည်။

Contact us

အတည်ပြုမုဒ်ကို ပိုမိုကောင်းမွန်စွာ နားလည်ရန် အကူအညီ လိုအပ်ပါက ကျွန်ုပ်တို့ထံ လွတ်လပ်စွာ ဆက်သွယ်နိုင်ပါသည် 😊

Tella မှ ဖမ်းယူထားသော မက်တာဒေတာအပိုင်းတစ်ခုစီ၏ စာရင်းကို အောက်တွင် ဖော်ပြထားသည်-

ဖိုင်အကြောင်း အချက်အလက်

  • ဖိုင်လမ်းကြောင်း- Tella လမ်းညွှန်တွင် ဖိုင်တည်ရှိခဲ့သည့် နေရာ 📂
  • ဖိုင်ဟက်ရှ်- ဖိုင်ကို ခွဲခြားသတ်မှတ်ရန် သီးခြားနံပါတ်တစ်ခု 🔍
  • ဖိုင် မွမ်းမံချိန်- စက်ပစ္စည်းပေါ်တွင် ဖိုင်ကို နောက်ဆုံးမွမ်းမံခဲ့သည့် နေ့စွဲနှင့် အချိန် 📅

စက်ပစ္စည်းအကြောင်း အချက်အလက်

  • ထုတ်လုပ်သူ- စက်ပစ္စည်း ထုတ်လုပ်သူအမည် 📱
  • ဟာ့ဒ်ဝဲ- စက်ပစ္စည်း၏ မော်ဒယ်အတိအကျ 💻
  • စက်ပစ္စည်း ID- Android စက်ပစ္စည်းကို ဖော်ပြသည့် သီးခြားနံပါတ်တစ်ခု 🆔
  • စခရင် အရွယ်အစား- စက်ပစ္စည်း၏ စခရင် အရွယ်အစား အတိအကျ 📏
  • ဘာသာစကား- စက်ပစ္စည်း၏ လည်ပတ်မှုစနစ်တွင် သတ်မှတ်ထားသော ဘာသာစကား 🌐
  • တည်နေရာ- စက်ပစ္စည်းတွင် သတ်မှတ်ထားသော ပထဝီဝင်ဒေသ 🌍
  • ချိတ်ဆက်မှုအခြေအနေ- စက်ပစ္စည်းကို အင်တာနက် ချိတ်ဆက်ထားခြင်း သို့မဟုတ် အင်တာနက် ချိတ်ဆက်မှု ပြတ်တောက်နေခြင်း ရှိ၊ မရှိ 📶
  • ကွန်ရက်အမျိုးအစား- စက်ပစ္စည်းကို အင်တာနက် ချိတ်ဆက်ထားလျှင် ချိတ်ဆက်ထားသည့် ကွန်ရက်သည် WiFi ကွန်ရက် သို့မဟုတ် ဆယ်လူလာကွန်ရက်ဖြစ်ကြောင်း ခွဲခြားသတ်မှတ်ပေးပါသည် 📲
  • Wi-Fi MAC- စက်ပစ္စည်း၏ Wi-Fi ချိတ်ဆက်ကိရိယာအတွက် သီးသန့်အမှတ်အသားတစ်ခု 🔍
  • IPv4- စက်ပစ္စည်း၏ အင်တာနက်ချိတ်ဆက်မှုကို ခွဲခြားသတ်မှတ်သည့် သီးခြားလိပ်စာတစ်ခု🔗
  • IPv6- စက်ပစ္စည်း၏ အင်တာနက်ချိတ်ဆက်မှုကို ခွဲခြားသတ်မှတ်ပေးသည့် လက်တလော အမှတ်အသားတစ်ခု 🔗

ဖိုင် ဖန်တီးခဲ့သည့် ပတ်ဝန်းကျင်အကြောင်း အချက်အလက်

  • တည်နေရာ- လတ္တီတွဒ်နှင့် လောင်ဂျီတွဒ် တည်နေရာအမှတ်များ၊ အမြင့်ပေ မီတာ၊ မီတာဖြင့် တိုင်းတာခြင်း၏ တိကျမှုနှင့် အချိန်တို့အပါအဝင် စက်၏ တည်နေရာအတိအကျ။ 🌍
  • တည်နေရာပံ့ပိုးသူ- စက်ပစ္စည်းတည်နေရာကို သတ်မှတ်ပုံ 📍
  • တည်နေရာအမြန်နှုန်း- စက်ပစ္စည်းရွေ့လျားနေသည့် အမြန်နှုန်း 🚀
  • ဆယ်လူလာအချက်အလက်- စက်နှင့်ချိတ်ဆက်ထားသည့် ဆဲလ်တာဝါတိုင်အားလုံး၏ ခွဲခြားသတ်မှတ်နံပါတ်များ 📡
  • ဝိုင်ဖိုင် အချက်အလက်- စက်၏ အနီးတစ်ဝိုက်ရှိ ဝိုင်ဖိုင်ကွန်ရက်အားလုံး၏ အမည် 🔍

ဆာဗာများသို့ ချိတ်ဆက်ခြင်း

အသုံးပြုသူများသည် Tella တွင် ဒေတာကို တိုက်ရိုက်စုဆောင်းနိုင်ပြီး အက်ပ်တွင်း ဒေတာများကို ကာကွယ်ထားကာ ယင်းဒေတာကို လုံခြုံစွာဖြင့် ဆာဗာသို့ ချိတ်ဆက်ပေးပို့နိုင်သည်။ ဤလုပ်ဆောင်ချက်ကို မြေပြင်ရှိ စေတနာ့ဝန်ထမ်း သို့မဟုတ် တက်ကြွလှုပ်ရှားသူများ စုဆောင်းထားသော အချက်အလက်များကို ဗဟိုချုပ်ကိုင်ထားသော အဖွဲ့အစည်းများမှ မကြာခဏ အသုံးပြုပါသည်။ အဆိုပါပုဂ္ဂိုလ်များသည် ၎င်းတို့၏ ဖုန်းများတွင် Tella ကို အသုံးပြု၍ အချက်အလက်များ စုဆောင်းပြီးနောက် ၎င်းတို့၏ အဖွဲ့အစည်းများထံ ပေးပို့ပါသည်။ မြေပြင် အသုံးပြုသူများက အချက်အလက်စုဆောင်းပြီး အဖွဲ့အစည်းတစ်ခု၏ ဆာဗာသို့ ပေးပို့သည့် ယခင် Tella အသုံးပြုမှုများတွင် အသုံးပြုသူ ၁ ဦးမှ ၂,၀၀၀ ဦးအထိ ရှိခဲ့သည်။ 📲 📡

လက်ရှိတွင် Tella သို့ ချိတ်ဆက်နိုင်သော ဆာဗာများမှာ-

ဗီဒီယိုသင်ခန်းစာ 🎥

ကျွန်ုပ်တို့၏ ဗီဒီယိုသင်ခန်းစာများတွင် ဆာဗာများသို့ ချိတ်ဆက်ခြင်း အကြောင်း ပိုမိုလေ့လာပါ။

Nearby Sharing

Users can share files directly from Tella's encrypted vault to another Tella encrypted vault in the same physical location using Nearby Sharing. After a quick connection tutorial, the two devices establish a secure link, and files are transferred encrypted from one device to the other. Nearby Sharing is independent of the internet connection status: it works online or offline.

This feature is available on Tella Android, Tella iOS, and Tella Desktop.

Share button

To share information with other apps, users can select the file or files they want to share and press the Share button. Tella will prompt the list of available apps on the phone and users can choose the app they want to share the file(s) with.

خطر

Tella will share the files unencrypted and the history of exchanged files might be visible on the app you used. We recommend using disappearing messages or deleting the messages after the other person receives them when using messaging apps (for example WhatsApp or Signal).

ကင်မရာ (ဓာတ်ပုံနှင့် ဗီဒီယိုများ)

Tella သည် ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးနိုင်သည့် ကင်မရာကို အသင့် ထည့်သွင်းပေးထားသည်။ စတင်ရိုက်ကူးချိန်မှစ၍ ဖိုင်အားလုံးကို ကုဒ်ဝှက်ထားခြင်းကြောင့် Tella အတွင်းရှိ စုဆောင်းထားသော မီဒီယာအားလုံးကို ပြင်ပမှ ဝင်ရောက်ကြည့်ရှုနိုင်မည် မဟုတ်ပါ။ သော့အသုံးပြု၍ အက်ပ်ကို ဖွင့်ပြီးမှသာ Tella အတွင်းရှိ ဖိုင်များကို ဝင်ရောက်ကြည့်ရှုနိုင်ပါမည်။ ဓာတ်ပုံနှင့် ဗီဒီယိုများသည် ဖုန်း၏ ပုံပြခန်းတွင် ပေါ်မည်မဟုတ်ပါ။ Tella တွင် ဓာတ်ပုံနှင့် ဗီဒီယိုများသည် မူရင်းအမည် ရှိမည်ဖြစ်သော်လည်း အသုံးပြုသူများသည် အမည်ပြောင်းခလုတ်ကို အသုံးပြု၍ ၎င်းတို့ကို အမည်ပြောင်းနိုင်ပါသည်။ ဖိုင်များကို ဖိုင်တွဲများဖြင့်လည်း စနစ်တကျ စီစဉ်သတ်မှတ်နိုင်သည်။ 📷

နေရာယူမှု သက်သာစေရန် ကင်မရာသည် မရိုက်ကူးမီ ဗီဒီယိုများ၏ ကြည်လင်ပြတ်သားမှုကို ပြောင်းခွင့်ပေးပါသည် - ကြည်လင်ပြတ်သားမှု နည်းပါးလေ၊ ဗီဒီယိုအတွက် နေရာယူမှု နည်းပါးလေဖြစ် သော်လည်း ဗီဒီယို၏ အရည်အသွေးလည်း လျော့ကျလေဖြစ်သည်။ 🎥 💾

ကျွန်ုပ်တို့သည် အပြည့်အဝ ပွင့်လင်းရင်းမြစ် CameraX ရင်းမြစ်သိုလှောင်မှုကို အသုံးပြုသည့် Tella-FOSS တွင် ကင်မရာ၏ အင်္ဂါရပ်အချို့ ဖြစ်သော (ချုံ့ချဲ့ခြင်း၊ ကင်မရာ အလှည့်အပြောင်း၊ ဖလက်ရှ်မီး၊ ဇယားကွက် ခွင့်ပြုမှုများ၊ဗီဒီယို ကြည်လင်ပြတ်သားမှုကို ပြောင်းလဲခြင်း) တို့ မပါဝင်ပါ။

ဗီဒီယို ကြည်လင်ပြတ်သားမှုကို ရွေးပါ

ဗွီဒီယိုရိုက်ကူးသည့် စခရင်သို့ သွားပြီး ဆက်တင်များ ခလုတ်ကို နှိပ်ခြင်းဖြင့် Tella ပေါ်ရှိ သင်အလိုရှိသော ဗီဒီယိုကြည်လင်ပြတ်သားမှုကို အလွယ်တကူ ရွေးချယ်နိုင်သည်။ ရရှိနိုင်သော ရွေးချယ်မှုများတွင် -

  • အမြင့်ဆုံးရရှိနိုင်သော ကြည်လင်ပြတ်သားမှု
  • မြင့်မားသော ကြည်လင်ပြတ်သားမှု (1080p)
  • အလယ်အလတ် ကြည်လင်ပြတ်သားမှု (720p)
  • ကြည်လင်ပြတ်သားမှု အနိမ့် (480p)

ဗီဒီယို ကြည်လင်ပြတ်သားမှုသည် ဗီဒီယိုဘောင်တစ်ခုစီရှိ pixels အရေအတွက်ကို ရည်ညွှန်းသည်။ 1080p သို့မဟုတ် 720p ကဲ့သို့ ပိုမြင့်သော ကြည်လင်ပြတ်သားမှုသည် ဗီဒီယိုများကို ပိုမိုပြတ်သားစေပြီး ပိုမိုအသေးစိတ်ကျစေပါသည်။ သို့သော် ကြည်လင်ပြတ်သားမှု ပိုမြင့်သော ဗီဒီယိုများသည် ဖိုင်အရွယ်အစာပိုးကြီးပြီး သင့်စက်ပစ္စည်းတွင် သိုလှောင်ရန်နေရာ ပိုလိုအပ်နိုင်ပါသည်။

ဗီဒီယို ကြည်လင်ပြတ်သားမှုကို ရွေးချယ်ခြင်းသည် လက်ရှိတွင် Android စက်များတွင်သာ ပံ့ပိုးထားကြောင်း သတိပြုရန် အရေးကြီးပါသည်။

အသံဖမ်းစက်

Tella တွင် အသင့်ပါ အသံဖမ်းစက်တစ်ခု ရှိသည်။ ဖိုင်အားလုံးကို ယူပြီးသည်နှင့် ကုဒ်ဝှက်ထားသောကြောင့် Tella အတွင်းရှိ မှတ်တမ်းတင်ထားသော အသံဖိုင်အားလုံးကို ပြင်ပတွင် ရရှိနိုင်မည်မဟုတ်ပါ။ သော့ အသုံးပြု၍ အက်ပ်ကို ဖွင့်ပြီးမှသာ Tella အတွင်းရှိ အသံဖိုင်များကို ဝင်ရောက်ကြည့်ရှုနိုင်ပါမည်။ အသံဖမ်းယူမှုများသည် ဖုန်း၏ အသံဖမ်းအက်ပ် သို့မဟုတ် ဖိုင်စနစ်တွင် ပေါ်မည်မဟုတ်ပါ။ Tella တွင် အသံဖိုင်များသည် မူရင်းအမည် ရှိမည်ဖြစ်သော်လည်း အသုံးပြုသူများသည် အမည်ပြောင်းရန် ခလုတ်ကို အသုံးပြု၍ ၎င်းတို့ကို အမည်ပြောင်းနိုင်ပါသည်။ အသံဖမ်းယူမှုများကို ဖိုင်တွဲများဖြင့်လည်း စီစဉ်သတ်မှတ်နိုင်သည်။ 🎤 🎧

အသံဖမ်းစက်သည် အသုံးပြုသူများအား မှတ်တမ်းတင်ခြင်းကို ခေတ္တရပ်ပြီး အချက်အလက်အားလုံးကို ဖိုင်တစ်ခုတည်းတွင် ထိန်းသိမ်းထားကာ လိုအပ်သလို ပြန်လည်စတင်နိုင်စေပါသည်။ အသုံးပြုသူများသည် အသံဖမ်းနေစဉ် နေရာလွတ်ကျန်သေးကြောင်း သေချာစေရန် အသံဖမ်းနေစဉ်တွင် မည်မျှ နေရာကျန်သေးကြောင်း ကြည့်နိုင်ပါသည်။ 📈 💾

အော့ဖ်လိုင်းဒေတာစုဆောင်းခြင်း

Tella ကို ဖုန်းတွင် ထည့်သွင်းပြီး သတ်မှတ်ပြီးသည်နှင့် အချက်အလက်စုဆောင်းရန် အင်တာနက်ချိတ်ဆက်မှု မလိုအပ်ပါ။ 📲 အခြားအက်ပ်များမှတစ်ဆင့် သို့မဟုတ် ချိတ်ဆက်မှုများမှတစ်ဆင့် ဖိုင်များကို မျှဝေရန်အတွက်သာ အင်တာနက်ချိတ်ဆက်မှု လိုအပ်ပါသည်။ 🌐 အသုံးပြုသူများသည် ဆာဗာတစ်ခုနှင့် ချိတ်ဆက်ထားပါက ဖောင်များ သို့မဟုတ် နမူနာပုံစံပြားများကို ဖုန်းသို့ ဒေါင်းလုဒ်လုပ်ပြီးသည်နှင့် စုဆောင်းထားသော အချက်အလက်အားလုံးကို အထွက်ပုံးတဘ်တွင် သိမ်းဆည်းထားပါမည်။ ထို့နောက် အင်တာနက်နှင့် ချိတ်ဆက်ပြီးသည်နှင့် အချက်အလက်များကို ဆာဗာသို့ အပ်လုဒ်လုပ်နိုင်ပါသည်။ 📩