Tella အင်္ဂါရပ်များ
Tella ကို ဒေါင်းလုဒ်လုပ်ပြီးသည်နှင့် အသုံးပြုသူအားလုံးသည် အောက်ပါ အင်္ဂါရပ်အားလုံးကို ရရှိနိုင်ပါသည်။ ၎င်းတို့သည် ဆာဗာချိတ်ဆက်မှု သို့မဟုတ် အထူးစနစ်ထည့်သွင်းမှုတစ်စုံတစ်ရာ မလိုအပ်ပါ။
အင်္ဂါရပ် | Android | iOS | Android FOSS |
---|---|---|---|
အက်ပ် သော့ခလောက် | စကားဝှက်၊ ပင်နံပါတ်၊ ပုံစံ | စကားဝှက်၊ ပင်နံပါတ် | စကားဝှက်၊ ပင်နံပါတ်၊ ပုံစံ |
နောက်ခံဒေတာ ကုဒ်ဝှက်ခြင်း | ✔️ | ✔️ | မရသေး |
လော့ခ်ကျရန် ကြာချိန် သတ်မှတ်ပေးခြင်း | ✔️ | ✔️ | ✔️ |
ကင်မရာ အသံတိတ်မုဒ် | ✔️ | မရသေး | ✔️ |
စခရင် လုံခြုံရေး | ✔️ | ✔️ | ✔️ |
သော့ဖွင့်ရန် ကြိုးပမ်းမှုများကို ကန့်သတ်ပေးခြင်း | ✔️ | ✔️ | မရသေး |
မီဒီယာကို တည်းဖြတ်ပါ | ဓာတ်ပုံများကို ဖြတ်တောက်မည်၊ လှည့်မည် | ဓာတ်ပုံများကို ဖြတ်တောက်မည်၊ လှည့်မည် | မရသေး |
ကုဒ်ဝှက်ခြင်း | ✔️ | ✔️ | ✔️ |
ကုဒ်ဝှက်ထားသော ဖိုင်စီမံခန့်ခွဲမှု | ✔️ | ✔️ | ✔️ |
တုံ့ပြန်ချက် | ✔️ | ✔️ | မရသေး |
စက်ပစ္စည်းမှ ဖိုင်များကို တင်သွင်းမည် | ✔️ | ✔️ | လုပ်ဆောင်မည်၊ သို့သော် ဖျက်ပြီးမူရင်းဖိုင် မပါဝင်ပါ |
တင်သွင်းသည့်အခါ မက်တာဒေတာကို သိမ်းဆည်းမည် | ✔️ | ✔️ | မရသေး |
ကိုယ်ပိုင်လုံခြုံမှုကို ထိန်းသိမ်းထားသော အချက်အလက်ခွဲခြမ်းစိတ်ဖြာခြင်း (opt-in) | ✔️ | မရသေး | မရသေး |
အသွင်ပြောင်းခြင်း | ✔️ | iOS တွင် မဖြစ်နိုင်ပါ | ✔️ |
ပင်မစခရင်ကို စိတ်ကြိုက်ပြင်ဆင်ခြင်း | ✔️ | ✔️ | ✔️ |
ကင်မရာ (ဓာတ်ပုံများနှင့် ဗီဒီယိုများ) | ✔️ | ✔️ | လုပ်ဆောင်မည်၊ သို့သော် ချုံ့ချဲ့ခြင်း၊ ကင်မရာ အလှည့်အပြောင်း၊ ဖလက်ရှ်မီးနှင့် ဇယားကွက် ခွင့်ပြုမှုများ မပါဝင်ပါ |
ဗီဒီယို ကြည်လင်ပြတ်သားမှုကို ရွေးမည် | ✔️ | မရသေး | မရသေး |
အသံဖမ်းစက် | ✔️ | ✔️ | ✔️ |
Tella တွင် ဖိုင်များကိုဖွင့်မည် | ✔️ | ✔️ | ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ (PDF မဟုတ်ပါ) |
အတည်ပြုမုဒ် | ✔️ | မရသေး | ✔️ |
အမြန်ဖျက်ရန် | ဖိုင်များ၊ ချိတ်ဆက်မှုများနှင့် Tella | ဖိုင်များနှင့် ချိတ်ဆက်မှုများ | ဖိုင်များ၊ ချိတ်ဆက်မှုများနှင့် Tella |
အမြန်ထွက်ရန် | သော့ခတ်ပြီး ပိတ်မည် | သော့ခတ်မည် | သော့ခတ်ပြီး ပိတ်မည် |
ဒေတာစုဆောင်းရန်နှင့် ဖိုင်များပေးပို့ရန် ချိတ်ဆက်မှုများ | - Tella ဝဘ် - Uwazi - Open Data Kit (ပုံစံများ) | - Tella ဝဘ် - Uwazi | - Uwazi - Open Data Kit (ပုံစံများ) |
အော့ဖ်လိုင်းဒေတာစုဆောင်းခြင်း | ✔️ | ✔️ | ✔️ |
အက်ပ်သော့ခလောက်
Tella ကို ထည့်သွင်းသောအခါ အသုံးပြုသူသည် အက်ပ်၏အကြောင်းအရာကို ကုဒ်ဝှက်ခြင်းနှင့် ကုဒ်ဖြည်ခြင်းပြုလုပ်ရန် သော့ခလောက်တစ်ခု 🔒ရွေးချယ်ရပါမည်။
- Android တွင် အသုံးပြုသူသည် ပုံစံ၊ ပင်နံပါတ် သို့မဟုတ် စကားဝှက်ကို ရွေးချယ်နိုင်သည်။
- iOS တွင် အသုံးပြုသူသည် ပင်နံပါတ် သို့မဟုတ် စကားဝှက်ကို ရွေးချယ်နိုင်သည်။
ဤသော့ခလောက်မရှိဘဲ Tella ကို ဖွင့်ရန် မဖြစ်နိုင်ပါ။
အသုံးပြုသူသည် ၎င်းတို့၏သော့ကို မေ့သွားပါက Tella နှင့် အက်ပ်အတွင်း သိမ်းဆည်းထားသည့်ဖိုင်များကို ပြန်လည်ရယူနိုင်မည် မဟုတ်ပါ။ Tella ကို ဖြုတ်ပြီး ပြန်လည်ထည့်သွင်းရမည်ဖြစ်ကာ ဖိုင်အားလုံး ဆုံးရှုံးပါမည်။ 🔒🔑🚪
:::အကြံပြုချက် ဗီဒီယိုသင်ခန်းစာ 🎥 ကျွန်ုပ်တို့၏ ဗီဒီယိုသင်ခန်းစာ တွင် Tella သော့ခလောက်များအကြောင်း ပိုမိုလေ့လာပါ။ :::
နောက်ခံကုဒ်ဝှက်ခြင်း
ဖိုင်များကို ကုဒ်ဝှက်နေစဉ်အတွင်း အသုံးပြုသူများအနေဖြင့် လုပ်ဆောင်ချက်များကို ဆက်လက်ပြုလုပ်နိုင်ရန်အတွက် Tella သည် ဖိုင်များကို နောက်ခံတွင် ကုဒ်ဝှက်သည်။ အသုံးပြုသူများသည် နောက်ခံတွင် ပြုလုပ်နေဆဲဖြစ်သော လှုပ်ရှားမှုများကို ဘယ်ဘက်ထိပ်ရှိ "အသိပေးချက်များ" အိုင်ကွန် (🔔) ကို နှိပ်၍ Tella ပင်မမျက်နှာပြင်မှ ဝင်ရောက်သုံးစွဲနိုင်သည့် နောက်ခံလှုပ်ရှားမှုအစု တွင် ကြည့်နိုင်သည်။
ဖိုင်များကို ကုဒ်ဝှက်နေစဉ်တွင် Tella သည် အသိပေးချက်များ အိုင်ကွန်ပေါ်တွင် လိမ္မော်ရောင် အမှတ်အသားတစ်ခု ပြသသည်။ အချို့ဖိုင်များကို ကုဒ်ဝှက်နေစဉ်အတွင်း အသုံးပြုသူက နောက်ခံလှုပ်ရှားမှုအစုကို ဖွင့်လျှင် တန်းစီစောင့်ဆိုင်းနေသော ဖိုင်စာရင်းနှင့် ကုဒ်ဝှက်ရာတွင်တိုးတက်မှုကို တွေ့နိုင်သည်။
ဖိုင်များကုိ နောက်ခံတွင် ကုဒ်ဝှက်နေစဉ် အသုံးပြုသူသည် Tella မှ ဖိအားသုံး၍ ထွက်ပါက (ဥပမာ- အမြန်ထွက်ရန် ကို သုံး၍ဖြစ်စေ အက်ပ်ကို အသေးဆုံးအရွယ်အစားသို့ ချုံ့၍ဖြစ်စေ) ထိုဖိုင်များ ဆုံးရှုံးပါမည်။
အကယ်၍ အတည်ပြုမုဒ် ကို ဖွင့်ထားပါက ဓာတ်ပုံ၊ ဗီဒီယို သို့မဟုတ် အသံဖိုင်ကို သိမ်းလိုက်သည်နှင့် ဖိုင်မက်တာဒေတာအားလုံးကို ရယူနိုင်ရန်အတွက ် နောက်ခံကုဒ်ဝှက်ခြင်းကို ပိတ်ထားပါမည်။
လော့ခ်ကျရန် ကြာချိန် သတ်မှတ်ခြင်း
ပုံသေအားဖြင့် Tella သည် အသုံးပြုသူက အက်ပ်မှထွက်တိုင်း သို့မဟုတ် သင့်ဖုန်းမျက်နှာပြင် ပိတ်သွားတိုင်း ချက်ချင်း လော့ခ်ချပါမည်။ ဤဆက်တင်ကို ပြောင်းလိုပါက အသုံးပြုသူသည်
ဆက်တင်များ ⚙️ > လုံခြုံရေး > လော့ခ်အချိန်ပြည့်ခြင်း သို့ သွား၍ ပြောင်းလဲနိုင်သည်။
ရရှိနိုင်သော ရွေးချယ်စရာများမှာ ၁ မိနစ်၊ ၅ မိနစ်၊ မိနစ် ၃၀ နှင့် ၁ နာရီ တို့ ဖြစ်သည်။ ⏱️
အကယ်၍ Tella ကို လော့ခ်မချထားလျှင် ဒေတာကို ကာကွယ်နိုင်မည်မဟုတ်ဘဲ Tella သို့ ဝင်ရောက်သူတိုင်းက ၎င်းတွင်ရှိသည့် အချက်အလက်အားလုံးကို တွေ့မြင်နိုင်မည်ဖြစ်သောကြောင့် ကျေးဇူးပြု၍ ဤအင်္ဂါရပ်ကို ဂရုတစိုက် အသုံးပြုပါ။
ကင်မရာ သို့မဟုတ် အသံဖမ်းစက်ကို ဖွင့်ထားစဉ် Tella လော့ခ်ကျမည် မဟုတ်ပါ
:::အကြံပြုချက် ဗီဒီယိုသင်ခန်းစာ 🎥 ကျွန်ုပ်တို့၏ ဗီဒီယိုသင်ခန်းစာ တွင် Tella ၏ ထပ်တိုးလုံခြုံရေးအင်္ဂါရပ်များအကြောင်း ပိုမိုလေ့လာပါ။ :::