Tella ဝဘ်
Tella ဝဘ်သည် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် အသံဖိုင်များအပါအဝင် Tella အသုံးပြုသူများ ပေးပို့သော အစီရင်ခံစာများကို ဗဟိုချုပ်ကိုင်၍ စီမံခန့်ခွဲနို င်စေပြီး လူတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများကို အသုံးပြုနိုင်စေမည့် ပွင့်လင်းအရင်းအမြစ် ကိရိယာတစ်ခုဖြစ်သည်။
Tella ဝဘ်ကို Tella မိုဘိုင်းအက်ပ်များ တီထွင်ထုတ်လုပ်ရန် တာဝန်ရှိသော Horizontal ရှိ ကျွန်ုပ်တို့၏ အဖွဲ့အတွင်း၌ တီထွင်ဖန်တီးထားခြင်းဖြစ်ပါသည်။ ၎င်းသည် မီဒီယာဖိုင်များကို လုံခြုံပြီး သီးသန့်ပုံစံဖြင့် အဝေးထိန်းဆာဗာသို့ အရန်သိမ်းဆည်းရန် အသုံးပြုရလွယ်ကူသော ဖြေရှင်းချက် ဖြစ်သည်။ သင့်အဖွဲ့အစည်းအတွင်း Tella ဝဘ်ဆာဗာ တပ်ဆင်ခြင်း၊ စီမံသတ်မှတ်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့ ပြုလုပ်နိုင်သည့်သူ မရှိပါက ကျွန်ုပ်တို့ ပံ့ပိုးပေးနိုင်ပါသည်။
အခြားချိတ်ဆက်မှုအားလုံး (Uwazi နှင့် Open Data Kit) ကဲ့သို့ပင် Tella Web သို့ ချိတ်ဆက်ခြင်းသည် Tella တွင် စုဆောင်းထားသော ဒေတာလုံခြုံရေးကို တိုးမြှင့်ပေးသည်-
- အသုံးပြုသူများအား Tella ၏ ကုဒ်ဝှက်ထားသော ကွန်တိန်နာအတွင်း ဒေတာကို တိုက်ရိုက် စုဆောင်းခွင့်ပြုခြင်း။
- ပြင်ပကိရိယာ သို့မဟုတ် အက်ပ်ကို အားကိုးစရာမလိုဘဲ Tella မှ Tella ဝဘ် သို့ ဒေတာများ တိုက်ရိုက်ပေးပို့ထားကြောင်း သေချာစေပါသည်။
- အသုံးပြုသူများအား ၎င်းတို့၏ မိုဘိုင်းစက်ပစ္စည်းပေါ်တွင် ဒေတာရှာဖွေတွေ့ရှိနိုင်ခြေကို လျှော့ချရန် အဝေးထိန်းဆာဗာတွင် ၎င်းတို့၏ဒေတာကို အရန်သိမ်းခွင့်ပြုခြင်း။
- စက်ပစ္စည်း သိမ်းဆည်းခံရသည့် သို့မဟုတ် ဖျက်ဆီးခံရသည့် အခြေအနေများတွင်ပင် အဖွဲ့အစည်းများသည် အရေးကြီးအချက်အလက်များကို ထိန်းသိမ်းထားနိုင်ပြီး သုတေသန၊ စည်းရုံးရေး သို့မဟုတ် တာဝန်ခံမှုလုပ်ငန်းစဉ်များအတွက် အသုံးပြုရန် ၎င်းကို စီမံခန့်ခွဲနိုင်ခြင်း။
Tella ဝဘ်သည် အသုံးပြုသူများထံမှ "အစီရင်ခံစာများ" စုဆောင်းရန် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်သည်။ အစီရင်ခံစာများတွင် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖမ်းယူမှုများ၊ pdf စာရွက်စာတမ်းများနှင့် စာသားများ ပါဝင်နိုင်သည်။
Tella ဝဘ်ကို စတင်တည်ဆောက်ရာတွင် အသေးစိတ် ဆွေးနွေးထားသော အဆင့်သုံးဆင့် ဤကဏ္ဍ၌ ပါဝင်သည် -
- Tella ဝဘ်ကို ထည့်သွင်းခြင်း- ဤအဆင့်တွင် Tella ဝဘ်ဆာဗာကို ထည့်သွင်းခြင်းနှင့် ၎င်း၏ လုပ်ဆောင်ချက်များ ကောင်းမွန်စေရန် ဒိုမိန်းအမည် သတ်မှတ်ခြင်းတို့ ပါဝင်ပါသည်။
- သင့်ပရောဂျက် (များ) ကို သင့်ဆာဗာတွင် စီစဉ်သတ်မှတ်ခြင်း - ဤအဆင့်တွင် စီမံခန့်ခွဲသူများသည် ဒေတာစုဆောင်းရန် မိမိကိုယ်ကို စီမံခန့်ခွဲရန်၊ “ပရောဂျက်များ” ဖန်တီးရန်နှင့် ၎င်းတို့၏ အသုံးပြုသူများအတွက် အခန်းကဏ္ဍများနှင့် ခွင့်ပြုချက်များကို သတ်မှတ်ရန် ဆုံးဖြတ်ပါသည်။
- အစီရင်ခံစာများ စတင်ပေးပို့ရန် မြေပြင်မှလူများအား အသင့်ပြင်ဆင်ခိုင်းပါ - အသုံးပြုသူများသည် ၎င်းတို့၏ Android သို့မဟုတ် iPhone စက်တွင ် Tella ကို ထည့်သွင်းပါ။ ထို့နောက် အသုံးပြုသူများသည် Tella ဝက်ဘ် ပရောဂျက်သို့ ချိတ်ဆက်၍ အချက်အလက်များကို စတင်စုဆောင်းသည်။
ဆာဗာ ထည့်သွင်းမည်
ဤအဆင့်၌ သင့်အဖွဲ့အစည်းမှ အသုံးပြုမည့် ဆာဗာတွင် Tella ဝဘ်ကို ထည့်သွင်းခြင်းနှင့် စီစဉ်သတ်မှတ်ခြင်းတို့ ပါဝင်သည်။ ဤအဆင့်ကို စနစ်စီမံခန့်ခွဲမှုအတွက် တာဝန်ရှိသူ (ဆော့ဖ်ဝဲ အင်ဂျင်နီယာ သို့မဟုတ် စနစ်စီမံခန့်ခွဲသူ) မှ ပြီးမြောက်အောင် လုပ်ဆောင်ရန် လိုအပ်သည်။ နည်းပညာဆိုင်ရာ ညွှန်ကြားချက်များကို ကျွန်ုပ်တို့၏ Github တွင် တွေ့ရှိနိုင်ပါသည်။
ကျွန်ုပ်တို့၏ အဖွဲ့သည် Tella ဝက်ဘ် တပ်ဆင်ခြင်း၊ စီစဉ်သတ်မှတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့အတွက် ပံ့ပိုးမှု ပေးနိုင်ပါသည်။ သင့်တွင် မေးခွန်းတစ်စုံတစ်ရာ ရှိပါက သို့မဟုတ် အကူအညီ လိုအပ်ပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
သင့်ကိုယ်ပိုင်ဆာဗာတွင် မထည့်သွင်းမီ Tella ဝဘ်ကို စမ်းသပ်နိုင်ရန်အတွက် ကျွန်ုပ်တို့၏ သရုပ်ပြဆာဗာသို့ ဝင်ရောက်ခွင့်ရရန် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
သင့်ဆာဗာတွင် သင့်ပရောဂျက်ကို တည်ဆောက်ပါ
Tella ဝဘ်ကို ထည့်သွင်း၍ ပထမဆုံး "စီမံခန့်ခွဲသူ" အဖြစ် အသုံးပြုသူ ဖန်တီးပြီးသည်နှင့် မြေပြင်အဖွဲ့မှ အချက်အလက်မျှဝေမည့် ပရောဂျက် သို့မဟုတ် ပရောဂျက်များကို စတင်သတ်မှတ်၍ရပါပြီ။
ဤဗီဒီယိုသင်ခန်းစာ တွင် Tella ဝဘ် တည်ဆောက်ပုံ နမူနာကို ကြည့်ပါ။
ပရောဂျက်များကို စီမံခန့်ခွဲခြင်း
Tella ဝဘ်သည် သင့်အား ပရောဂျက်များကို ဖန်တီးစီမံရန် ခွင့်ပြုထားပြီး သင့်အစီရင်ခံစာများကို စနစ်တကျ စီစဉ်ထားကြောင်းနှင့် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သေချာစေသည်။
ပရောဂျက်များသည် Tella အသုံးပြုသူများက အစီရင်ခံစာများ တင်သွင်းနိုင်သည့် ဖိုင်တွဲများကဲ့သို့ လုပ်ဆောင်ပါသည်။ ဥပမာအားဖြင့် သင်သည် ရဲအကြမ်းဖက်မှု၊ ကျားမရေးရာအခြေခံအကြမ်းဖက်မှုနှင့် ပတ်ဝန်းကျင်အလွဲသုံးစားမှုစသည့် သီးခြားပထဝီဝင်နယ်မြေများ သို့မဟုတ် အကြောင်းအရာများအတွက် ပရောဂျက်များကို ဖန်တီးနိုင်သည်။
ပရောဂျက်တစ်ခုစီတွင် ကိုယ်ပိုင် URL ရှိသောကြောင့် Tella အသုံးပြုသူတစ်ဦးသည် Tella ဝဘ်ပရောဂျက်များစွာနှင့် ချိတ်ဆက်နိုင်သည်။
ရရှိနိုင်သော ပရောဂျက်အားလုံးကို ကြည့်ရှုပါ
"ပရောဂျက်များ" စခရင်သို့ သွားရန် ဘယ်ဘက်မီနူးရှိ "ပရောဂျက်များ" ခလုတ်ကို နှိပ်ပါ။
"ပရောဂျက်များ" စခရင်သည် လက်ရှိ ပရောဂျက်တစ်ခုစီကို ကတ်တစ်ခုအဖြစ် ပြသပါသည်။
ပရောဂျက်အသစ် ဖန်တီးမည်
"ပရောဂျက်များ" မျက်နှာပြင်သို့ သွားကာ "ပရောဂျက်ဖန်တီးမည်" ခလုတ်ကို နှိပ်ပါ။ မော်ဒယ်တစ်ခုပေါ်လာပြီး သင့်အား ပရောဂျက်အသစ်ကို အမည်ပေးရန် သတိပေးပါမည်။ ပရောဂျက်အတွက် နှစ်သက်ရာ အမည်ကို ရိုက်ထည့်ကာ "ဖန်တီးမည်" ကို နှိပ်ပါ။ ထို့နောက် အသစ်ဖန်တီးထားသော ပရောဂျက်အတွက် သင့်အား "ပရောဂျက်ဆက်တင်များ" စ ခရင်သို့ ပြန်ပို့ပေးပါမည်။
ပရောဂျက်တစ်ခု ဖွင့်မည်
"ပရောဂျက်များ" မျက်နှာပြင်ကို ဖွင့်ပြီး အလိုရှိသော ပရောဂျက်ကတ်ကို နှိပ်ပါ။
ဤလုပ်ဆောင်ချက်သည် ပရောဂျက်သို့ တင်သွင်းသော အစီရင်ခံစာအားလုံးကို သင်ဝင်ရောက်ကြည့်ရှုနိုင်သည့် ပရောဂျက်ကို ဖွင့်ပေးမည်ဖြစ်သည်။
သင်သည် အစီရင်ခံစာများကို (ဤပရောဂျက်အတွက် သင်၏ ခွင့်ပြုချက်များအပေါ် မူတည်၍) ဖွင့်နိုင်၊ ဖျက်နိုင်သည် သို့မဟုတ် ဒေါင်းလုဒ် လုပ်နိုင်သည်။
ပရောဂျက်များ၏ ဆက်တင်များကို စီမံသတ်မှတ်မည်
"ပရောဂျက်ဆက်တင်များ" စခရင်တွင် သင်သည် ပရောဂျက်ကို စီမံသတ်မှတ်နိုင်သည် -
- "အထွေထွေ" ကဏ္ဍသည် သင့်အား ပရောဂျက်ကို အမည်ပြောင်းရန်၊ ပရောဂျက်၏ အသေးစိတ်အချက်အလက်များကို ကြည့်ရှုရန်နှင့် ပရောဂျက်၏ URL ကို မွမ်းမံရန် ခွင့်ပြုပါသည်။
- "ဝင်ရောက်ကြည့်ရှုခွင့်ကို စီမံခန့်ခွဲရန်" ကဏ္ဍသည် သင့်အား အသုံးပြုသူများကို ပရောဂျက်မှ ထည့်နိုင်၊ ဖယ်ရှားနိုင်စေပါသည်။ အသုံးပြုသူအခန်းကဏ္ဍများဆိုင်ရာ နောက်ထပ်အချက်အလက်များကို [ဤနေရာ](/tella-web# managing-users) တွင် ကြည့်ပါ
- "အန္တရာယ်ဇုန်" ကဏ္ဍတွင် ပရောဂျက်အတွင်းမှ အစီရင်ခံစာအားလုံးအပါအဝင် ပရောဂျက်ကို ဖျက်ရန် ရွေးချယ်စရာများကို တွေ့ရပါမည်။
ပရောဂျက်တစ်ခုကို ဖျက်မည်
"ပရောဂျက်ဆက်တင်များ" စခရင်တွင် အောက်သို့ဆင်း၍ "အန္တရာယ်ဇုန်" ကဏ္ဍသို့ သွားပါ။
"ပရောဂျက်ကို ဖျက်ရန်" ရွေးချယ်မှု ကို နှိပ်ပါ။
ပရောဂျက်နှင့် ၎င်း၏ အစီရင်ခံစာအားလုံးကို အပြီးတိုင်ဖျက်ပစ်မည်ဖြစ်ကြောင်း သတိပေးသည့် မော်ဒယ်တစ်ခု ပေါ်လာပါမည်။ ဖျက်မည်ဆိုပါက ပရောဂျက်အမည်ကို (စာလုံးအကြီးအသေးကအစ) မှန်ကန်စွာ ထည့်သွင်းပါ။ ဖျက်ကြောင်းအတည်ပြုရန် "DELETE" (စာလုံးကြီးဖြင့်) ရိုက်ထည့်ပါ။
အတည်ပြုပြီးသည်နှင့် ပရောဂျက်နှင့် ၎င်း၏ ဆက်စပ်အစီရင်ခံစာအားလုံးကို အပြီးတိုင် ဖျက်ပစ်ပါမည်။
ပရောဂျက် URL ကို စီမံသတ်မှတ်မည်
ပရောဂျက်ကို ဖန်တီးသည့်အခါ ပရောဂျက် URL ကို အလိုအလျောက် ထုတ်ပေးပါသည်။ ပရောဂျက် URL ကို ပြောင ်းရန် "ပရောဂျက်ဆက်တင်များ" မျက်နှာပြင်ရှိ "အထွေထွေ" ကဏ္ဍသို့ သွားကာ ၎င်းကို လိုအပ်သလို ပြင်ဆင်ပါ။ သတင်းထောက်များက ၎င်းတို့၏ အက်ပ်များမှ ပရောဂျက်သို့ ချိတ်ဆက်ရန် ဤ URLကို အသုံးပြုပါမည်။
အသုံးပြုသူများထံ သင်ပေးပို့ရမည့် URL သည် ဤသို့ ဖြစ်သင့်သည် https://your-domain.com/p/your-project-name