Skip to main content

Tella ကို ဘာသာပြန်ခြင်း

ဘာသာစကား အသုံးပြုနိုင်မှုမှာ ကျွန်ုပ်တို့၏ ဦးစားပေးမှုများအနက် တစ်ခုဖြစ်သောကြောင့် Tella ကို လိုအပ်ကြောင်း ဖော်ပြသည့် အသိုင်းအဝိုင်းများ၏ ဘာသာစကားများဖြင့် Tella ကို အသုံးပြုနိုင်စေရန် ကျွန်ုပ်တို့ ကြိုးစားလုပ်ဆောင်နေပါသည်။

လက်ရှိတွင် Tella Android နှင့် iOS ကို (တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အစုံ) ရရှိနိုင်သည်-

  1. အာရဗီ
  2. Azerbaijani
  3. ဘီလာရု
  4. Bengali
  5. မြန်မာ
  6. Chinese (Simplified Chinese)
  7. အင်္ဂလိပ်
  8. ပြင်သစ်
  9. အင်ဒိုနီးရှား
  10. ဂျိန်းဖော
  11. ကန်နာဒါ
  12. ကရင်စကော
  13. ကာ့ဒ်
  14. Malayalam
  15. Mizo
  16. Ndau
  17. ပါရှန်း
  18. ပေါ်တူဂီ
  19. Portuguese (Mozambique)
  20. ရုရှ
  21. စပိန် (လက်တင်အမေရိက)
  22. တမီးလ်
  23. Ukrainian
  24. Tsonga
  25. ဗီယက်နမ်

ဗီဒီယို သင်ခန်းစာများ တွင် စပိန်၊ အာရဗီ၊ ဆွာဟီလီနှင့် ပြင်သစ်ဘာသာစကားတို့ဖြင့် စာတန်းများ ပါဝင်သည်။

ကျွန်ုပ် ဘာသာပြန်တစ်ယောက် မည်သို့ဖြစ်လာရမည်နည်း။

ကျွန်ုပ်တို့၏ ဘာသာပြန်ဆိုခြင်းလုပ်ငန်း၌ ကူညီပေးရန် စိတ်ပါဝင်စားသည့်အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့၏ ဒေသန္တရမှုပြုခြင်းဆိုင်ရာ ကြိုးပမ်းမှုများကို Localization Lab က ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

ဘာသာပြန်ခြင်းမပြုမီ Localization Lab Wiki ရှိ Tella ပရောဂျက် စာမျက်နှာနှင့် ဤစာတမ်းပြုစုခြင်း စာမျက်နှာတို့ကို ဖတ်ရှုပါ။ အဆိုပါစာမျက်နှာများတွင် ကျွန်ုပ်တို့၏ လမ်းညွှန်ချက်များ၊ အရင်းအမြစ်များနှင့် ဦးစားပေးမှုများ အပါအဝင် ပရောဂျက်နှင့် ပတ်သက်သည့် အချက်အလက်အများအပြားကို သင်တွေ့ရှိပါမည်။

Localization Lab အသိုင်းအဝိုင်း

အခြားဘာသာပြန်သူများနှင့် ဆက်သွယ်နိုင်ရန် ကျွန်ုပ်တို့၏ ဘာသာပြန်ဆိုမှုများကို စုစည်းပေးခြင်း၊ ဆုံးဖြတ်ချက်များချခြင်း၊ ဘာသာပြန်ဆိုရမည့် စာကြောင်းများတွင် အမှားအယွင်းများကို သတင်းပို့ခြင်း စသည်တို့ ပြုလုပ်သော Localization Lab အသိုင်းအဝိုင်းတွင် ကျေးဇူးပြု၍ ပါဝင်ပါ။

  1. ကျေးဇူးပြု၍ Localization Lab ၏ ပံ့ပိုးကူညီသူအား ကြိုဆိုသည့် ဖောင်ပုံစံ ကို ဖြည့်စွက်ပြီး ပံ့ပိုးကူညီသူ၏ အခန်းကဏ္ဍနှင့် လမ်းညွှန်ချက်များကို ဖတ်ရှုပါ။ ဤသို့ဖြင့် Localization Lab က သင့်ကို ပိုသိလာပြီး သင်၏ ပံ့ပိုးမှုများသည် ကျွန်ုပ်တို့၏ ပရောဂျက်နှင့် အသိုင်းအဝိုင်းနှင့် ကိုက်ညီစေရန် ကူညီပေးပါမည်။

  2. Localization Lab သည် ဆက်သွယ်ရေးနှင့် သင်ယူမှုကို တန်ဖိုးထားသည့် ကြီးမားသော အသိုင်းအဝိုင်းတစ်ခုဖြစ်သည်။ မေးခွန်းများ မေးရန်၊ ဆွေးနွေးမှုများ စတင်ရန် သို့မဟုတ် Tella ကို ဒေသန္တရပြုမှုနှင့် ပတ်သက်သည့် အကူအညီတောင်းခံရန် ၎င်း၏ အသိုင်းအဝိုင်း ဆက်သွယ်ရေး ပလက်ဖောင်းများတွင် ပူးပေါင်းပါဝင်ပါ-

ကျေးဇူးပြု၍ သင့်ကိုယ်သင် မိတ်ဆက်ပြီး ဤညွှန်ကြားချက်များကို လိုက်နာပြီးနောက် သင်မေးလိုသည့် မေးခွန်းများကို မေးပါ။

အခြားပံ့ပိုးကူညီသူများနှင့် အပြန်အလှန်ဆက်သွယ်ခြင်း သို့မဟုတ် တောင်းဆိုခြင်းကို မည်သည့်နေရာတွင် ပြုလုပ်နိုင်ပါသလဲ။

Tella ၏ လစဉ် အသိုင်းအဝိုင်း အစည်းအဝေးများ တွင် ကျွန်ုပ်တို့နှင့်အတူ ပါဝင်ပါ။

ဘာသာစကားအသစ်တစ်ခု ထည့်လိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ